10 December 2008

Criticism and me

To avoid criticism do nothing, say nothing, be nothing.
Author: Elbert Hubbard

16 November 2008

စိတ်ဆိုးခြင်းဧ။်နောက်ကွယ်

ဒီလိုအဖြစ်လေးတစ်ခု ရှိခဲ့ဖူးပါတယ်။ တစ်ခါက လူတစ်ဦးမှာ လိမ္မာပြီးသခင်စကားနားထောင်တဲ့ ခွေးကလေးတစ်ကောင်ရှိတယ်။ တစ်နေ့မှာ ခွေးကလေးကိုဘေးအိမ်ခွေးကြီးက ကိုက်ပစ်လိုက်တယ်။ ထိခိုက်ဒဏ်ရာ ရသွားတဲ့ ခွေးကလေးကိုသခင်က ဆေးထည့်ပေးဖို့ ပွေ့အချီမှာ မမျှော်လင့်ဘဲ လက်ကိုလှမ်းကိုက်ခံလိုက်ရတယ်။ သခင်က စိတ်မဆိုးတဲ့အပြင် "ကျွန်တော့်ကိုလှမ်းကိုက်တာ သူဒဏ်ရာ ရထားလို့ပါ" လို့ ပြောခဲ့တယ်။
ဒါဟာ ဒဏ်ရာရနေတဲ့ ခွေးတစ်ကောင်ရဲ့ ပင်ကိုယ်တုန့်ပြန်မှုဖြစ်တယ်။ သခင်ကိုလှမ်းကိုက်တာက မုန်းလို့မဟုတ်ဘဲ ဒဏ်ရာရနေတဲ့ ကိုယ့်ကို နောက်ထပ်အနာတရမဖြစ်အောင် ကာကွယ်လိုက်တာပဲဖြစ်တယ်။ ဒါကို သခင်က နားမလည်ခဲ့ရင်သခင့်ကိုတောင် ကိုက်တဲ့ခွေးဆိုပြီး ခွေးကလေးအပေါ် စိတ်ဆိုးဒေါသထွက်မိလိမ့်မယ်။ စိတ်ဆိုးဒေါသရဲ့ နောက်ကွယ်မှာ ဒဏ်ရာရနေတဲ့ ခွေးကလေးကိုသခင်က တစ်ခုခုထပ် လုပ်မိမှာ အမှန်ပါပဲ။
နောက်အဖြစ်တစ်ခုက ဒီလိုဆိုပါတယ်။
ရုံးဆင်းပြန်လာတဲ့ ဖခင်တစ်ဦးဟာ အိမ်ထဲဝင်လိုက်တာနဲ့ဧည့်ခန်းတစ်ခုလုံးကို ကစားစရာတွေနဲ့ ရှုပ်ပွအောင် ဆော့ကစားနေတဲ့သားကိုတွေ့လိုက်တယ်။ ဖခင်ဟာ သားကို ဘာအကျိုးအကြောင်းမှ ပြောမနေဘဲဒေါသတကြီး သားကို ဆူတော့တယ်။ ထက်မြက်တဲ့သားက ဘာမှပြန်မပြောဘဲပစ္စည်းတွေကိုသိမ်း လက်ကို စင်ကြယ်အောင် ဆေးပြီးမှ ဖခင်ကို ပွေ့ဖက်ပြီး"ဖေဖေ... ဒီနေ့အလုပ်မှာ ဘဝင်မကျတာတွေ ဖေဖေကြုံခဲ့ရတယ် မဟုတ်လား?" လို့မေးလိုက်တယ်။
လိမ္မာတဲ့သားက ဖခင်ဒေါသထွက်ရတာဟာ သူတစ်ယောက်တည်းကြောင့် မဟုတ်ဘဲဖခင်စိတ်ထဲမှာ နဂိုကတည်း တစ်ခုခု ထိခိုက်ခံထားရလို့၊ မကျေနပ်လို့ဆိုတာကို သဘောပေါက် နားလည်လိုက်တယ်။
နောက်အဖြစ်တစ်ခုက ဒီလိုဆိုပါတယ်။
ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာလည်း ဒီလိုအဖြစ်မျိုးတွေ မကြာခဏကြုံဖူးကြမယ်ထင်ပါတယ်။ ဥပမာ...
ကျောင်းဆင်းပြန်လာတဲ့ ကလေးငယ်တစ်ယောက် ဒေါသတကြီးနဲ့ လွယ်အိတ်ကို ခုံပေါ်ပစ်တင်လိုက်တယ်။ "ဘာဖြစ်လာသလဲ?" လို့ သူ့ကိုမေးရင် "မေမေနဲ့ မဆိုင်ပါဘူး၊ဟာ... သိပ်ရှုပ်တာပဲ" စတာတွေနဲ့ ကိုယ့်ကို ပြန်အော်တတ်သလိုမျိုး
" ဒီည ဘာဟင်းစားချင်သလဲ" လို့ ကြင်ကြင်နာနာနဲ့ မေးလာတဲ့ ဇနီးကိုလင်ယောက်ျားက "မင်းနဲ့ငါ ယူတာ ဒီလောက်ကြာနေပြီ။ ငါဘာကြိုက်တယ်ဆိုတာမင်းမသိဘူးလားကွ" လို့ ပြန်အော်တတ်သလိုမျိုး
ဧည့်ခန်းမှာ ကလေးငယ်ကို ပွေ့ပြီး မျက်နှာရှစ်ခေါက်ချိုးနဲ့ ထိုင်နေတဲ့ဇနီးကို ရုံးဆင်းပြန်လာတဲ့ လင်ယောက်ျားက "နေမကောင်းလို့လား?" လို့ဂရုတစိုက်နဲ့ မေးတဲ့အမေးကို "ရှင် ဘာဖြစ်လို့ အခုမှ ပြန်လာရသလဲ?" လို့အော်ငေါက်သလိုမျိုး
အထက်က အဖြစ်အပျက်မျိုးတွေမှာ ဂရုတစိုက်မေးတဲ့ကိုယ့်ကိုပြန်အော်တယ်ဆိုပြီး ကျွန်မတို့လည်း စိတ်ဆိုးဒေါသထွက်ကြမှာပဲ။ အဲဒီနောက်အပြန်အလှန် အော်ဟစ်တာ၊ ကျိန်ဆဲတာတွေ ဖြစ်လာတော့မယ်။ ဒါမှမဟုတ်မခေါ်မပြောတဲ့ သွေးအေးစစ်ပွဲတွေ စတော့မယ်။
တကယ်လို့ သူငါ့ကို ပြန်အော်တာ အပြင်မှာ၊ တစ်နေရာရာမှာ သူဘဝင်မကျခဲ့လို့၊ထိခိုက်ခဲ့လို့၊ စိတ်ဒဏ်ရာရခဲ့လို့၊ အနိုင်ကျင့်ခံခဲ့ရလို့လို့ဖြေတွေးခဲ့ရင် ပြဿနာတစ်ခုက ရိုးရိုးရှင်းရှင်းနဲ့ ပြီးသွားနိုင်ပါတယ်။
စိတ်ဒဏ်ရာရနေတဲ့ လူတစ်ယောက်ကို ကျွန်မတို့ ဘယ်လိုဆက်ဆံမလဲ? သူဟာတစ်ခြားသူရဲ့နားလည်မှု၊ လက်ခံနိုင်မှုတွေကို လိုအပ်နေသူဖြစ်တယ်။
ဒေါသတကြီးနဲ့ လွယ်အိတ်ကို ခုံပေါ်ပစ်တင်တဲ့ ကလေးငယ်ကို "သား ကျောင်းမှာတစ်ခုခုဖြစ်ခဲ့ပြီမဟုတ်လား.. လာ..လာ.. ဘာတွေဖြစ်ခဲ့လဲ မေမေ့ကိုပြောပြ"
ဒေါသထွက်တဲ့ လင်ယောက်ျားကို ဇနီးက "ဘာတွေ မကျေမနပ်ဖြစ်နေတာလဲ?ကျွန်မကလွဲရင် ရှင့်ကို စိတ်ဆိုးအောင် ဘယ်သူလုပ်နိုင်သလဲ?"
မျက်နှာရှစ်ခေါက်ချိုးနဲ့ ဇနီးကို "တစ်နေ့ကုန် ကလေးထိန်းနေရတာပင်ပန်းနေပြီလား? အိမ်အလုပ်တစ်ခုခု ကိုယ်ဘာများကူညီရမလဲ?" စတဲ့စကားတွေကစိတ်ဆိုးဒေါသထွက်နေသူရဲ့ စိတ်ကို အနည်းအများတော့ ပြောင်းလဲစေမှာအမှန်ပါပဲ။ တစ်ပါးသူရဲ့ နားလည်မှု၊ လက်ခံမှုကိုရရှိပြီးနောက် ဒေါသတကြီးထွက်ဆိုခဲ့မိတဲ့ သူတို့စကားတွေအတွက် သူတို့ အားတုန့်အားနာ ဖြစ်နေမိမှာသေချာပါတယ်။
မှတ်ချတ်။ ။ မင်္ဂလာစု စာအုပ်မှ

12 November 2008

ရဲရင့်မှုနှင့်တည်ငြိမ်မှု

ကျရှုံးတဲ့အချိန်မှာ ရဲရင့်မှုရှိပါ။ အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်မှုရှိပါ။

11 November 2008

RP မြန်မာကထိန် မှတ်တမ်း


Photos များကို ဝေမင်းနှင့် နေလင်းထံတွင် ရရှိနိုင်ပါသည်။

RP မြန်မာကျောင်းသား၊ကျောင်းသူများဧ။် စုပေါင်းမဟာ ဘုံကထိန်

Dear RP Myanmar bro and sis,
We are very pleased to inform you all that we had collected 910 and donated to Sembawang Monestry for our very first RP Myanmar Kahtein. (နတ်လူသာဓုခေါ်စေသော်--- သာဓု၊ သာဓု၊ သာဓု)
We have been showing our RP Myanmar Unity, and we hope that we can see more from you all at our very first RP MYANMAR THINGYAN and coming activities. We do last, but we can do best....
Following are the amount we have collected and donated for.





Thanks a lot for everything. We will upload the photos for Ka Htein soon. Sorry for late update due to technical problem. :)
With best regards,



RP Myanmar Students Union



28 October 2008

ကထိန်ပွဲကြီး ကျင်းပမည်

ကျွန်တော်တို့ RPကထိန်ကို ၉ရက်နေ့လုပ်ပါမည်။ လူကိုယ်တိုင်ပါဝင်ခြင်းဖြင့်လည်းကောင်း၊ အလှုငွေထည့်ဝင်ခြင်းဖြင့်လည်းကောင်း ကုသိုလ်ပါဝင်ယူနိုင်ပါသည်။ ကျင်းပမည့်နေရာနှင့်အချိန်မှာ
Date : 9 - 11 - 2008 ( 11am)
Venue : Dhamma Gardan Buddhis Society (Sinagpore)
2, Jalan kerayong Sembawang Straits Estate. Singapore 759300

Directions : Take Bus 882 from Sembawang MRT alight at 7th stop (B35) Take a walk back for 100 m
အလှုငွေများကို အောက်ပါ မောင်နှမများထံ လှုဒါန်းနိုင်ပါသည်။
ကျော်ဇင်ထွန်း 91857104 (kyawzinhtun@gmail.com)
သင်းသင်းလှိုင် 91681021
ကေဇင် 96521596 (kayzinkz@gmail.com)
ဖူးမွန်ကျော် 98506171 (doublestarphu@gmail.com)
ဝေမင်း 96627821 (weimin01@gmail.com)
Sandi 81530819 (mummypooh@gmail.com)
ခိုင်မီမီဇော် 90262771
မင်းသက်လွင် 97646005
ကိုနေလင်း 90089027
အလှုပွဲလာရောက်သူများအား အကျွေးအမွေးဖြင့် ဧည့်ခံပါမည်။ အလှုပွဲသို့လာရောက်မည့်သူများ အထက်ပါ မောင်နှမများကို ကျေးဇူးပြုပြီး အကြောင်းကြားပါရန် ပန်ကြားအပ်ပါသည်။

24 October 2008

ထုပ်စီးထိုးတမ်းကစားကြမယ်

ကျွန်တော်တို့ RP မြန်မာကျောင်းသားကျောင်းသူများ ယနေ့ညနေတွင် Republic Poly တွင်ထုပ်စီးထိုးတမ်းကစားကြပါမယ်။ စိတ်ဝင်စားသူများ ကေဇင်ကို ဆက်သွယ်နိုင်ပါတယ်။

Confidence

Body follows mind, Mind is driven by confidence. So Just believe your confidence that you can do it.

03 October 2008

ဒီစာလေးကို ကျေးဇူးပြုပြီ ဆုံးအောင်ဖတ်ပေးပါ..........

ဟိုးရှေးရှေးတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက် ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီး ပြောပါတော့တယ်။ မင်း တစ်ခါစိတ်တိုတိုင်း သံတစ်ချောင်းကို နောက်ဖေးက ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။အဖေက အဲ့ဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ ၀င်းထရံတိုင်မှာ သံပေါင်း ၃၇ချောင်းရိုက်သွင်းဖြစ်သွားတယ်။ အဲဒီလိုနဲ့ သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ သူစိတ်သူထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့ ကျဲလာခဲ့တယ်။ ဒီလိုနဲ့ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင် ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းရတာပိုလွယ်လာမှန်း သဘောပေါက်လာတော့တယ်။
အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေနိုင်တဲ့နေကို ရောက်လာရော။ ကောင်လေးကပြေးပြီး သူအဖေကို သတင်းသွားပို့တယ်.. အဖေရေ.. သားတော့ စိတ်ကိုထိန်းနိုင်သွားပြီဗျ..
အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော..မင်းကိုယ်မင်း ဒေါသမဖြစ်အောင် တစ်နေကုန်ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို ပြန်နှုတ်ဦးကွာ။ တစ်နေ့ ထိန်း နိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့ နှုတ်နော်လို့ မှာလိုက်သတဲ့။ ရက်တွေကြာလာတော့ ကောင်လေးက သူအဖေကို ပြောနိုင်သွားတယ်။ အဖေရေ.. သားရိုက်ခဲ့တဲ့ သံတွေအားလုံးကို နှုတ်ပြီး သွားပြီ တစ်ချောင်းမှ မကျန်တော့ဘူး။
သည်အခါအဖေလုပ်တဲ့သူက သားရဲ့လက်ကိုဆွဲပြီး သားရိုက်ခဲ့တဲ့ဝင်းထရံဆီကို ခေါ်သွားတယ်။ တော်တယ်ငါ့သား လို့လည်းဆိုတယ်။ ဒါပေမယ့် သား သေချာကြည့်စမ်း။ ၀င်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက အရင်တုန်းကလို ချောချောမွေ့မွေ့မဟုတ်တော့ဘူး ဆိုတာ သားမြင်တယ် မဟုတ်လား။ အေး..သားကစိတ်တိုတိုနဲ့ ပါးစပ်ကပြောချလိုက်တဲ့အခါ တစ်ဖက်သားဆိုတဲ့ဝင်းထရံတိုင်မှာ အခုလိုအမာရွတ်တွေထင်ကျန်ရစ်ခဲ့တတ်တယ် သားရယ်။အဲ့ဒီလိုပဲလူတစ်ယောက်ကို သားကဓါးနဲ့ထိုးလိုက်တယ်။ ပြီးရင်ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်းပန်တယ်ဆိုပါစို့။ သားဘယ်နှစ်ခါပဲရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်ကတော့ မလွဲမသွေကျန်ခဲ့မှာပဲ ငါ့သားရယ်..တဲ့။တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ရတနာတွေပါပဲ။ သူတို့ဟာ ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊သုခတွေကိုလည်း မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။ ဒါကြောင့်တစ်ခုခုဆိုစိတ်လိုက်မာန်ပါမလုပ်နဲ့။ သူတို့ကိုသံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ်မရောက်ပါစေနဲ့။ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက်ဂရုစိုက်ကြောင်း သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ် ဂရုစိုက်လာအောင်လုပ်ပေးသင့်ကြောင်းပြောကြားပေးပါ။ ဒါကြောင့်ကိုယ်တိုင်က သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့သူတွေဆီကို ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပါ။ ယုတ်စွဆုံး ဒီစာလေးကို ပို့လိုက်တဲ့သူဆီ ဒီအတိုင်းပြန်ပို့နိုင်ပါသေးတယ်။ ကိုယ်ပို့လိုက်တဲ့စာ ကိုယ့်ဆီ ပြန်ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေကောင်းတွေရှိနေတာကို အလိုလိုခံစားနိုင်မှာပါ။
ဒီစာအုပ်နာမည်က နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င် ရွှင်လန်းတဲ့စိတ် ဖြစ်ပါတယ်။ ရေးတဲ့သူက ဆရာအတ္တကျော်ပါ။အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျက်.....

01 October 2008

ကျွန်တော်တို့ အစက ပြန်စကြရအောင်

အလုပ်လုပ်တဲ့နေရာမှာ
ခမ်းနားကြီးကျယ်ပါစေ၊
တိကျသေချာပါစေ၊
ကိုယ့်ပုံစံဟန်ပန် ပါပါစေ။
{ဖရက်(ဒ)အက်စတဲ့}
"စားသုံးသူအတွက်ထိပ်တန်းအဆင့်ဝန်ဆောင်မှု"ဟု ကျွန်တော့်ဘာသာအမည်ပေးထားသည့် ဖြစ်ရပ်တစ်ခု များမကြာမီက ကျွန်တော်ကိုယ်တွေ့ ကြုံခဲ့ရပါသည်။ နေ့က စနေနေ့။ အေးမြသော ဆောင်းကာလ၊ ကနေဒါပပြည် တရွန်မြို့ မှာဖြစ်သည်။
စနေနေ့ကသက်သက်သာသာအားအားယားယားအနားယူသောနေ့ဖြစ်သည်။ကလေးတွေလည်းအလည်အပတ်သွားနေသဖြင့် ဇနီးသည် ကိတ်နှင်ကျွန်တော် နှစ်ယောက်တည်းကျန်ရစ်သည်။
အိပ်ရာက နောက်ကျမှထသည်။နေ့စဉ်လုပ်ရိုးလုပ်စဉ်အလုပ်တွေအားလုံးကိုအေးအေးဆေးဆေးသုံးလေးနာရီနောက်ကျခံပြီးလုပ်ရသည်မှာ အရသာရှိလှသည်။ မြို့ ထဲမှာဟိုငေးဒီငေး။ ဈေးဆိုင်တွေဝင်ကြည့်၊ ပြခန်တွေဝင်ကြည့်နှင့် အတော်ကြီးနောက်ကျသည့်အချိန် နေ့လယ်စာစားရန် ဟိုတယ်တစ်ခုထဲဝင်တော့ ညနေလေးနာရီထိုးပြီ။
ဟိုတယ်က တရွန်မြို့ မှာ ထင်ရှားသည့်ကြယ်လေးပွင့်ဟိုတယ်တစ်ခုဖြစ်သည်။ စားသောက်ခန်းဝန်ထမ်းတွေက ဖော်ရွေပျူငှာသည်။ ကျွန်တော်တို့တွေစားစရာတွေမှာကြသည်။ ကိတ်က ကုန်းဘောင်ကြီးကျော်တစ်ပွဲမှာသည်။ သို့သော်ဟင်းပွဲရောက်လာသည့်အခါမှာတော့ တကယ့်ဇာတ်လမ်းကစလေသည်။ ဟင်းပွဲထဲမှာကျကျနနပါလာသည်က စားဖိုဆောင်က စားဖိုမှုးများသုံးလေ့ရှိသည့် ရာဘာလက်အိပ်ထိပ်ဖျားပိုင်းကလေးတစ်ခုဖြစ်သည်။
ကျွန်တော်စားပွဲထိုးအမျိုးသမီးကို လှမ်းခေါ်လိုက်သည်။
"အဲ့ဒါဘာကြီးလဲ" ကိတ်ကရွံရှာသောမျက်နှာစိတ်ပျက်သောအမူအရာနှင့်မေးသည်။
"ဟယ်။ ကျွန်မလည်းမသိဘူး" ဆိုပြီး အမျိုးသမီးက ဟင်းပွဲကို အလျင်အမြန်ပြန်သိမ်းကာ စားဖိုခန်းထဲယူသွားသည်။ အဲဒီနောက် တစ်ခနအတွင်းမှာပင် စားသောက်ခန်းတာဝန်ခံ မန်နေဂျာနှင့်အတူပြန်ရောက်လာသည်။
"ကျွန်တော်တို့အများကြီးအားနာပါတယ်ခင်ဗျား၊ တစ်ကယ့်ကိုဆိုးဆိုးဝါးဝါး ချို့ ယွင်းချက်ပါ၊ ကျွန်တော်တို့အနူးအညံ့တောင်းပန်ပါတယ်။" စားသောက်ခန်းတာဝန်ခံက ယဉ်ကျေးစွာ စကားဆိုသည်။
မှန်သည်၊ သည်လိုပဲဆိုရမည်ပေါ့။
သို့သော် သူက သည်မျှလောက်သာမဟုတ်ပါ။
"ကျွန်တော်တို့အစက ပြန်စကြရအောင်ဗျာ" သူကဆိုသည်။ ထို့နောက် ကဲ၊ စားပွဲပေါ်မှာရှိတာတွေကို အားလုံးရှင်းကွာ ဟုစားပွဲထိုးအမျိုးသမီးကို ညွှန်ကြားသည်။ အမျိုးသမီးက စားပွဲပေါ်မှာရှိသည့် ဝိုင်ပုလင်း၊ ဇွန်း၊ ခက်ရင်း၊ ဓား စသည်များအပြင် ကျွန်တော့်ဟင်းပွဲသာမက စားပွဲခင်းပါမကျန် အားလုံးပြန်သိမ်းသည်။
ထို့နောက်" စောစောက ကျွန်တော်တို့ခေါင်းထဲမှာရှိခဲ့တာတွေလဲ အားလုံးမေ့ပစ်လိုက်ကြရအောင်ဗျာ" သူကဆိုပြန်သည်။
စားပွဲခင်းကိုအသစ်ပြန်ခင်းသည်။ စားသောက်ဖွယ်ရာစားရင်းကိုထပ်မံပြသသည်။ ဝိုင်ပုလင်းအသစ်၊စားစရာသစ်များ မှာကြသည်။ အလွန်ထူးခြား စိတ်ဝင်စားစရာကောင်းသော နေ့လယ်စာစားပွဲ အသစ်တစ်ခု ကျွန်တော်တို့ ပြန်စကြသည်။
စားသောက်ခန်းတာဝန်ခံက စောစောကကျွန်တော်တို့ ခေါင်းထဲတွင်သူတို့နှင့်ပတ်သတ်ရ်ျ ဖြစ်ပေါ်ခဲ့သည့် "ဟာသိပ်ဆိုးတာပဲ"ဟူသောမှတ်ချက်ကို"အရမ်းကိုကောင်းတာပဲ"ဟူသောမှတ်ချက်နှင့်ပြန်လည်အစားထိုးပေးနေခြင်းဖြစ်သည်။ စောစောကဖြစ်ခဲ့တာနှင့်ပတ်သတ်ပြီး သူဘာမှဆင်ခြင်ပေးမနေ။
၎င်းအစား ပိုပြီးမြင့်သော၊ ပိုကောင်းမွန်ပြည့်စုံသော ဝန်ဆောင်မှုတစ်ခုသာ သူလဲလှယ်ပေးခဲ့သည်။
ဟင်းလျာတွေက အရသာရှိလှသည်။ ဝန်ဆောင်မှုကလည်းထိပ်တန်းအဆင့်ဖြစ်သည်။ တစ်ကယ်ခမ်းနားပီပြင်သော ဆောင်ရွက်ချက်တစ်ခုပင်ဖြစ်သည်။
မှတ်ချက်။ ။ "Richard Porter Let's ဧ။် Start Over ကို ဖေမြင့်ဘာသာပြန်ထားသော ဦးနှောက်နှင့်နှလုံးသားစာအုပ်မှ"

29 September 2008

မဖြစ်နိုင်ဘူး

" ဒေါက်တာ ကျွန်တော် အမြဲတမ်း စိတ်အားငယ်သလို ဖြစ်နေတယ် ၊ ဘာလုပ်ရမယ်ဆိုတာ အကြံပေးပါအုန်း "
" လွယ်လွယ်လေးပဲ ၊ အလုပ်ထဲမှာ ခေါင်းမြုပ်ထားလိုက်ပေါ့ဗျာ "
"ဟာ....ဒါတော့ မဖြစ်ဘူး ဆရာ ၊ ကျွန်တော်က ဘိလပ်မြေ ဖျော်တဲ့သူ ။"

26 September 2008

ကထိန်ခင်းကြရအောင်

Dear RP Myanmar Brothers and Sisters,
On behalf of all RP Myanmar students, we would like to invite you all to RP Myanmar Kahtein Thingyan Offering Festival. The festival will be celebrating on one of the Saturday (we will confirm it later on) between the Full Moon Day of Thadingyut and the Full Moon Day of Tazaungmone. We would like to know who want to participate on that festival. Please reply email if you got any suggestion to make it better or if you are not willing to celebrate this festival. (If never reply my email, I will think that you all are willing to participate in this festival :)). We will celebrate upon your approval. We wish you all will participate on that festival. Come on guys; let's show our RP Myanmar unity. Donation: we will accept any amount of donation (targeted budget $500 - $700)Venue: One of the Myanmar Monasteries in SingaporeOur plan: we will just pass our money which has been received from RP students, graduates and facis to the monastery's Kat Bi Ya who will arrange everything for us. One day before actual day, some of the volunteers from RP may help out for cooking on the monastery. Actual day, all RP Myanmar will bond on that Monastery.
Please reply email to
Tearcher Soe khsoesoe@gmail.com
Kyaw Zin Htun kyawzinhtun@gmail.com

24 September 2008

မှတ်ပြီလား

ခွန်နစ်ရက်မြောက်နေ့ ဘုရင်ကြီးဘော်စလု ညီလာခံကျင်းပပြီး စာဆိုတော်တွေကို တစ်ဦးချင်း သူတို့ရေးထားတာတွေကို ထဖတ်ပြခိုင်းတယ်၊ အဲသည်မှာ ပထမဦးဆုံးစာဆိုတော်က ဘုရင်ကြီး မယားများတဲ့အကြောင်း ဆော်ရှုပ်တဲ့အကြောင်းတွေကို ခရေစေ့တွင်းကျရေးထားလိုက်တာ ဘုရင်ကြီးထက်တောင် ပိုသိနေလို့ ဘုရင်ဘော်စလုလည်း ဒေါသဖြစ်လွန်းလို့ သူ့အကြောင်းရေးထားတဲ့ ဘိုင်အိုဂရပ်ဖီကို ဖတ်ပြီးပြီးချင်းပဲ စာဆိုတော်ကို သူ့လက်သုံးတော်ကြိမ်လုံးကြီးနဲ့ ရွှမ်းကနဲနေအောင် တစ်ချက်ဗြင်းထည့်လိုက်တယ်၊ရွှမ်းအားယားယား အီးအော်ဟစ်ပြီး ပထမဦးဆုံးစာဆိုတော်လည်း ကျောကော့သွားတော့တယ်။
ဒါပေမဲ့ ဒုတိယစာဆိုတော်ကလည်း မမှတ်သေးဘဲ မကြောက်မရွံ့ ဘုရင်ကြီးရဲ့ လာဘ်စားပုံ အသေးစိတ် နဲ့ ဆော်ရှုပ်တာတွေကို ဖတ်ပြပြန်တယ်၊ ဘုရင်ဘော်စလုလည်း ဟုတ်တာတွေဖတ်ပြနေတော့ ဒေါသတွေ အဖြစ်ကြီးဖြစ်ပြီး ဒုတိယစာဆိုတော်ကို ကြိမ်လုံးကြီးနဲ့ နှစ်ချက်ဆက်တိုက်ဗြင်းလိုက်ပြန်တယ်၊ရွှမ်း ရွှမ်းအားယားယား အီး အီးအော်ဟစ်ပြီး ဒုတိယစာဆိုတော်လည်း ကျောတင်မက ဟိုဟာပါကော့သွားတယ်။
သည်လိုနဲ့ စာဆိုတော်တွေ တစ်ယောက်ပြီးတစ်ယောက် သူ့မကောင်းကြောင်း နှစ်ချက်ပြောရင် နှစ်ချက်ဗြင်း သုံးချက်ပြောရင် သုံးချက်ဗြင်းနဲ့ ဗြင်းလာလိုက်တာ တစ်ချို့စာဆိုတော်ဆို လေးငါးခြောက်ချက်တောင် အဗြင်းခံရသတဲ့၊ ဘုရင်ဘော်စလုလည်း အတော်ဒေါသဖြစ်နေပြီပေါ့။
သည်အချိန်မှာ နောက်ဆုံးကျန်နေတဲ့ ဘုရင်ကြီးဘော်စလုရဲ့ လက်သုံးတော် နန်းတွင်းစာဆိုတော်ကြီး ဘော်ဖားချွန် က ရဲရဲဝံ့ဝံ့ထရပ်လိုက်ပြီး ဘုရင်ကြီး ဆော်ရှုပ်တာမဟုတ်တဲ့အကြောင်း ကောင်မလေးတွေ တဖက်သတ်ကြိုက်နေလို့ ဘုရင်ကြီးကသနားလိုက်ရတဲ့အကြောင်း၊ လာဘ်စားတာမဟုတ်ပါ အလကားပေးလို့ ယူထားလိုက်တာပါ၊ မိဖုရားတွေကိုလည်း နှိပ်စက်တာမဟုတ်ပါ သူတို့တွေ အသုံးမကျလို့ ဆုံးမပေးရတာပါ စသဖြင့် မဟုတ်က ဟုတ်ကတွေ ဖားပြီးဖတ်ပြနေသတဲ့။
ဘုရင်ကြီးဘော်စလုရဲ့မျက်နှာကြီးက ပြုံးနေတော့ ကျန်တဲ့ နန်းတွင်းသူ နန်းတွင်းသားတွေနဲ့ စာဆိုတော်တွေလည်းအင်း ဒါကြောင့်လည်း ဘော်ဖားချွန် တစ်ယောက် နန်းတွင်းမှာ စာဆိုတော်ကြီးဖြစ်နေတာပေါ့လို့ တွေးမိနေကြသတဲ့၊ ဘာဆုတော်တွေများ ပေးသနားဦးမလဲ လို့လည်း မျှော်လင့်နေကြသတဲ့၊ ဘော်ဖားချွန်လည်း သူ့ရဲ့ဖားတော်ဘွဲ့ ဘိုင်အိုဂရပ်ဖီကြီးကို ဖတ်လည်းဖတ်ပြီးရော ကျန်တဲ့လူတွေကို လက်မအသာထောင်ပြလိုက်ပြီး ပြုံးပြုံးကြီးဖြစ်နေသတဲ့။
အဲသည်အချိန်မှာ နန်းတွင်းစာဆိုတော်ကြီး ဘော်ဖားချွန် အနားကို ရုတ်တရက်ရောက်လာတဲ့ ဘုရင်ကြီးဘော်စလုက ဘာမပြော ညာမပြော သူ့လက်ထဲမှာပါလာတဲ့ ဒါးကြီးနဲ့ ဘော်ဖားချွန်ရဲ့ လက်နှစ်ဘက်တင်မက လျှာကိုပါ ဖြတ်ချလိုက်တော့တယ်၊ ကျန်တဲ့ နန်းတွင်းသူ နန်းတွင်းသားတွေနဲ့ စာဆိုတော်တွေလည်း ဝရုန်းသုန်းကားဖြစ်ကုန်ကြတာပေါ့၊ ဘယ်လိုဖြစ်သွားတာလဲ၊ ဘုရင်ကြီး ရူးသွားပြီလား စသည်ဖြင့် ပဟေဋ္ဌိ အဖြေညှိနေကြသတဲ့။
ဘုရင်ကြီးဘော်စလုကတော့ သူ့ဒါးကြီးမှာ ပေနေတဲ့ သွေးတွေကို သပ်ချနေရင်း စကားတစ်ခွန်းကို အေးအေးလေး ပြောလိုက်ပါတယ်၊
သည်ကောင်က ငါ့နားကပ်ပြီး လိမ်နေတာ၊ ကြောက်ဖို့ ပိုကောင်းတယ်။

Every body job is nobody business

အားလုံးနဲ့ဆိုင်တဲ့အလုပ်ကို သူလုပ်ငါလုပ် စောင့်မနေပဲ ကျွန်တော်တို့တွေ ကိုယ်လုပ်နိုင်တဲ့အရာကို ဘယ်သူ့ကြောင့်ဘာ့ကြောင့်ဆိုပြီး မနေပဲ အားလုံးဝိုင်းပြီး ပူးပေါင်းဆောင်ရွက်ကြရအောင်။ ။

လက်မထပ်မီနှင့်လက်ထပ်ပြီး အခြေအနေ

လက်မထပ်မီ……… (အပေါ်မှအောက်သို့ဖတ်ပါ)
သူ...... သိပ်ကောင်းတာပဲ။ ငါ့မျှော်လင့်တဲ့နေ့ ရောက်လာခဲ့ပြီ။
သူမ.... နင် နောင်တရမလား
သူ...... ဟာ.. တစ်ခါမှ အဲဒီလို မစဉ်းစားမိဘူး။
သူမ.... ငါ့ကို တကယ်ချစ်လား
သူ...... တကယ်ပေါ့။
သူမ.... ငါ့အပေါ် သစ္စာဖောက်မှာလား။
သူ...... အဲဒီလို တစ်ခါမှ မတွေးထားမိဘူး။
သူမ.... ငါ့ကို တစ်ခါလောက် နမ်းပါလား။
သူ...... အင်း.. တစ်ခါထက်ကို မကဘူး။
သူမ.... ယူပြီးရင် နင်ငါ့ကို ရိုက်မှာလား။
သူ...... လုံးဝ မဖြစ်နိုင်တာ
သူမ.... ငါ နင့်ကို ယုံရမလား...
လက်ထပ်ပြီးနောက်…………( အောက်မှအပေါ်သို့ပြန်ဖတ်ပါ)

07 September 2008

သီးနှံကောင်းရိတ်သိမ်းလိုလျှင်

ကြေညက်အောင်ထွန်ယက်မထားတဲ့ လယ်ကွက်မျိုးမှာ ဘယ်တော့မှသီးနှံကောင်းမထွက်ဘူး။

06 September 2008

မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား

ကိုယ်တစ်ကယ်မလုပ်ကြည့်သေးပဲနဲ့ ကျွန်တော်လုပ်မရဘူးလို့ဘယ်တော့မှမပြောနှင့်။
ကျောက်တုံးကျောက်ခဲနှင့်တည်ဆောက်ထားသည့်နံရံတံတိုင်းဟူသည်လည်း နောက်ဆုံးနာနာဖိတွန်းလျှင်တစ်ချိန်ချိန်မှာပြိုလဲသွားနိုင်သည်။
Les Paul

05 September 2008

အောင်မြင်မှုနှင့်ရှုံးနိမ့်မှုကြားက ပါးလွှာသောစည်း

မည်သည့်ပျက်စီးဆုံးရှုံးမှုမျိုးကိုမဆိုပြန်လည်ပြင်ဆင်ရ်ျမရနိုင်တော့ဟူရ်ျမရှိ။မဖြစ်ဖြစ်အောင်လုပ်မည်ဟူသောပြတ်သားသောစိတ်ဇွဲဧ။် တန်ခိုးအားဖြင့်အဲ့သည့်ဆုံးရှုံးမှုကို အောင်မြင်မှုသို့တက်လှမ်းရာလှေကားထစ်အဖြစ်ပြောင်းလဲပစ်နိုင်သည်။
W.Douglus Harley

04 September 2008

ကြိုတင်ကာကွယ်ခြင်းသာ

ဖြစ်လာနိုင်တဲ့အနေအထားအားလုံးအတွက်ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ရမယ်။
အသင့်ပြင်ထားသူဟာတိုက်ပွဲတစ်ဝက်တိုက်ပြီးသူပဲ။
Oliva de Havillam

03 September 2008

Six Ways to Make People Like You

  1. Become genuinely interested in other people
  2. Smile
  3. Remember that a person's name
  4. Be a good listener, Encourage others to talk about themselves.
  5. Talk in terms of the other's interests.
  6. Make other people feel important.

02 September 2008

ကြောက်ရမှာတွေးကြောက်မနေနဲ့

ကိုယ့်အတွက်ရည်မှန်းချက်ပန်းတိုင်ကို ကိုယ်တိုင်ရွေးချယ်ပါ။ ပန်းတိုင်သို့သွားရာလမ်းကြောင်းကို ကိုယ့်ခေါင်းထဲထင်းနေအောင်ရေးဆွဲမှတ်ထားပါ။
Jonny Wessmuller

ယုံကြည်စိတ်ရဲ့စွမ်းအား

မျှော်လင့်ချက်၊ယုံကြည်ချက်တွေ၊စိတ်ကူးအိမ်မက်တွေကိုဘယ်အရာ၊ဘယ်အတွက်နှင့်မှ မပျောက်ပျက်မဆုံးရှုံးပါစေနှင့်။
Ralph Jhonson Bunche (1904-1971)

01 September 2008

ခလုတ်ကန်သင်းမှလှေကားထစ်သို့

ဘဝမှာကြုံတွေ့ရတဲ့ခလုတ်ကန်သင်းတွေကိုကိုယ့်ဘဝတိုးတက်အောင်မြှင့်တင်ပေးမယ့်လှေကားထစ်တွေအဖြစပြောင်းလဲပစ်နိုင်ရမယ်-ခလုတ်တိုက်မိတဲ့ကျောက်တုံးကိုခြေနင်းတုံးအဖြစ်အသုံးပြုတက်ရမယ်။
Estes Kefaver

31 August 2008

စံချိန်မှီသော စွမ်းဆောင်မှု

ဘယ်အခါမျိုးမဆိုကိုယ့်ဆီကအကောင်းဆုံးပေးနိုင်အောင်ကြိုးစားရမယ်။
ရှေ့တိုးရခက်နေတယ်ဆိုတာတစ်ခုတည်းနှင့်တော့နောက်ဆုတ်လို့မဖြစ်ဘူး။
Roy Chapman Andrew(1884-1960)

နားလည်မှုလွဲကြတဲ့ ကိစ္စ

လူမှုဆက်ဆံရေးနယ်ပယ်တွင်ပြသနာဆယ်ကြိမ်တွင်ကိုးကြိမ်သည်ကာယကံရှင်နှင့်တကယ်သွားတွေ့ဖြေရှင်းလိုက်သည့်အခါအလွယ်တကူ ၇ှင်းလင်းပြေလည်သွားမြဲဖြစ်သည်။
Humphery Francis Fllis

30 August 2008

ရှာတက်မှ လမ်းတွေ့ မယ်

မြို့ လယ်ကိုရောက်အောင်သွားနိုင်တဲ့လမ်းဟာ တစ်လမ်းတည်းမဟုတ်ဘူး။ အများကြီးရှိတယ်။
လူ့ဘဝမှာလည်းထိုနည်းလည်းကောင်းပဲ၊ ရည်မှန်းထားတဲ့ပန်းတိုင်ကိုဒီလမ်းကသွားလို့မရရင်၊ နောက်တစ်လမ်းက သွားလို့ရနိုင်တယ်။
Elsa Schiaparelli (1896-1973)

တွေးတွေးပြီးရယ် (၇)

တစ်ခါက အမေရိကန်လူမျိုး၊ အင်္ဂလိပ်လူမျိုး၊ တရုတ်လူမျိုးနဲ့ ဂျပန်လူမျိုးတို့ဟာ သူနိုင်ငံ ကိုယ်နိုင်ငံရဲ့ စစ်ရေးစစ်ရာကို ဆွေးနွေးကြတယ်။
ဂျပန်လူမျိုးက "ကျွန်တော်တို့ လူမျိုးက မတွန့်မကြောက် သတ္တိခဲတွေ နိုင်ငံအတွက်ဆိုရင် အသက်ကိုတောင် စွန့်ဝံ့တယ်။ အခု ကျွန်တော်ခေါင်းပေါ်မှာ ပန်းသီးတစ်လုံးတင်ပြီး ခင်ဗျားတို့ရဲ့ အပစ်ကို ခံရဲတယ်" လို့ ပြောပြီး သူ့ခေါင်းပေါ် ပန်းသီးတစ်လုံးတင်ပြီး ကျန်လူတွေကို သေနတ်အပစ် ပြိုင်ခိုင်းလိုက်တယ်။
ပထမဦးဆုံး အမေရိကန်လူမျိုးက နောက်ကို ခြေအလှမ်း၂၀ လှမ်းပြီး ကိုယ်ကိုလှည့်ပြီး ပစ်ထည့်လိုက်တယ်။ ဂျပန်ခေါင်းပေါ်မှာ တင်ထားတဲ့ ပန်းသီးလေး အစိတ်စိတ် အမွှာမွှာ ကွဲသွားတယ်။ အမေရိကန်က သေနတ်ပြောင်းဝက မီးခိုးကို တစ်ချက်မှုတ်ပြီး ပြောလိုက်တယ်.. "I am Hunter" ငါက မုဆိုးတဲ့။
ဒုတိယ အင်္ဂလိပ် လူမျိုးက နောက်ကို ခြေအလှမ်း ၅၀လှမ်းပြီး ကိုယ်ကို တစ်ပတ်လှည့်ပြီး ပစ်လိုက်ပြန်တယ်။ ပန်းသီးက ဖွာခနဲ့ပဲ။ အင်္ဂလိပ်က ကိုယ့်ကို အထင်ကြီးတဲ့ ပုံစံနဲ့ ပြောလိုက်တယ်.. "I am Bond" ငါက ဂျိမ်းစ်ဘွန်းတဲ့။
နောက်ဆုံး တရုတ် အလှည့်ရောက်တော့ တရုတ်က နောက်ကို ခြေ ၃လှမ်း လှမ်းပြီး ပစ်ထည့်လိုက်တယ်။ ဖြာခနဲ့ပဲ ပန်းသီးတော့ မဟုတ်ဘူး။ ဂျပန်ရဲ့ ဦးခေါင်းပါ။ တရုတ်က ဟန်ပါပါနဲ့ ခါးထောက်ပြီး ပြောလိုက်တယ်။ "I am sorry" ငါဝမ်းနည်းပါတယ်တဲ့။

29 August 2008

တွေးတွေးပြီးရယ် (၆)

ဗေဒင်ဆရာ "ဟေ့.. ခင်ဗျား ပိုက်ဆံမရှင်းရသေးဘူး"


ဗေဒင်မေးသူ "ကျွန်မမှာ ပေးစရာပိုက်ဆံမရှိဘူးဆိုတာ အခုနက ဆရာမတွက်မိဘူးလား"

28 August 2008

တွေးတွေးပြီးရယ် (၅)

တစ်ခါက လှေတစ်စင်း မြုပ်လုနီးနီးမှာ ရဟတ်ယာဉ်တစ်စီး လာကယ်ခဲ့တယ်။ ရဟတ်ယာဉ်ပေါ်က ကြိုးတစ်ချောင်းကို ပစ်ချပြီးကယ်တော့ ယောကျာ်း၁ဝယောက်နဲ့ မိန်းမတစ်ယောက်က အဲဒီကြိုးမှာ ပါသွားခဲ့တယ်။ ကြိုးမှာချိတ်နေတဲ့ လူ၁၁ယောက်ကို ရဟတ်ယာဉ်က မနိုင်ဘဲဖြစ်နေလို့ လူတစ်ယောက် လက်လွှတ်ပေးရမယ်ဆိုတော့ ယောကျာ်းတွေက လက်မလွှတ်ချင်ကြဘူး။ က "အားလုံးအတွက် ကျွန်မ အနစ်နာခံပါ့မယ်။ ကိုယ့်ယောက်ျားအတွက်၊ ကိုယ်ရင်သွေးတွေအတွက် ပေးဆပ်တာကို မမျှော်ကိုးဘဲ အမြဲစွန့်လွှတ် အနစ်နာခံနေရတဲ့ ကျွန်မတို့ မိန်းမသားတွေအတွက် ဒါမျိုးက ရိုးနေပါပြီ....."လို့ အော်ပြောလိုက်တယ်။ အမျိုးသမီးလဲ ပြောပြီးရော ယောကျာ်းတွေ အားလုံး လက်ခုပ်ဝိုင်းတီးကြတော့တယ်..

27 August 2008

တွေးတွေးပြီးရယ် (၄)

ဆရာတစ်ဦးက တပည့်များအား ကမ္ဘာ့လူဦးရေ ထူထပ်ပုံနှင့် ငတ်မွတ်ခေါင်းပါးပုံ အကြောင်းကို ရှင်းပြနေခဲ့သည်။ အစာရေဆာ ငတ်မွတ်ခေါင်းပါးမှုကြောင့် ကမ္ဘာပေါ်ရှိလူများ စက္ကန့်ပိုင်းတွင် တစ်ဦးဦးသေဆုံးရပုံကို ဤသို့ခိုင်းနှိုင်းပြသည်။
"ဆရာ ထွက်သက်ဝင်သက် ရှူလိုက်တဲ့အချိန်တိုင်း ကမ္ဘာပေါ်မှာ လူတစ်ယောက်သေဆုံးရတယ်"
ဤတွင် ကျောင်းသားတစ်ဦးပြောလိုက်သည်မှာက "ဆရာနေ့တိုင်း သွားတိုက်သင့်တယ်" ဟူတည်း။

26 August 2008

တွေးတွေးပြီးရယ် (၃)

တစ်ချို့တရုတ်တွေက ၄ ဂဏန်းကို လဒ်မရှိတဲ့ဂဏန်း၊ ကံမကောင်းတဲ့ ဂဏန်းလို့ အယူရှိကြတယ်။ "၄" ဂဏန်းရဲ့ အသံထွက်က "သေ"ဆိုတဲ့ တရုတ်စကားနဲ့ အသံထွက်တူနေလို့ပါတဲ့။ ဒါကြောင့် တစ်ချို့စားသောက်ဆိုင်မှာ ခုံနံပါတ် ၄ ကိုမထားသလို တိုက်အထပ် ၄ကိုလည်း ၅ထပ်လို့ ခေါ်ကြတယ်။ ဒီလိုနဲ့.....
ဖုန်းနံပါတ်တွေကို လက်နဲ့ လှည့်ရတဲ့ခေတ်တုန်းက အိမ်တစ်အိမ်မှာ ၄ဂဏန်းပဲပါတဲ့ ဖုန်းနံပါတ်တစ်ခု ရှိခဲ့တယ်။ အဲဒီနံပါတ်ကြောင့် အမည်မသိဖုန်းတွေ၊ အကြောင်းအရာမရှိတဲ့ ဖုန်းတွေ မကြာခဏ လက်ခံခဲ့ရတယ်။ တစ်ညမှာ လူကြီးတွေအိပ်ပြီး လူငယ်တစ်ယောက်တည်း ကျန်နေတုန်း ဖုန်းဝင်လာခဲ့တယ်။ ဖုန်းတစ်ဖက်မှာ လူတစ်ယောက်က အသံတုန်ချိချိနဲ့ ...
" ဟလို... ဟလို.. ၁၁၉ကို ဖုန်းဆက်ပေးပါ" လို့ ပြောတဲ့အသံကို ကြားတော့ လူငယ်လန့်ပြီး ဖုန်းကို ပစ်ချလိုက်မိတယ်။ မကြာဘူး.. ဖုန်းမြည်လာပြန်တယ်။ အရင်အသံလိုပဲ..
" ဟလို... ဟလို.... ၁၁၉ ကို ဖုန်းဆက်ပေးပါ" လို့ ပြောတော့ လူငယ်က အရဲစွန့်ပြီး
" ဘာဖြစ်လို့ ခင်ဗျားကိုယ်တိုင် မဆက်တာလဲ" လို့ မေးလိုက်တယ်။ ဖုန်းတစ်ဖက်က ပြန်ပြောလိုက်တာက
" မြန်မြန်ဆက်ပေးပါ.. ကျွန်တော် မခံနိုင်တော့ဘူး.. ကျွန်တော့်လက်ညှိုး ဒီ နံပါတ်၎ နေရာမှာ ညှပ်နေလို့" ပါ ဟူတည်း။

25 August 2008

တွေးတွေးပြီးရယ် (၂)

တစ်ခါက ဥရောပဒေသတစ်ခုရဲ့ ညတစ်ညမှာ လူငယ်နှစ်ယောက်ဟာ ဟော်လိုဝင်း ပျော်ပွဲရွှင်ပွဲဆင်နွှဲပြီး အိမ်ပြန်လာခဲ့ကြတယ်။ သူတို့ရဲ့ အိမ်အပြန်လမ်းမှာ သင်္ချိုင်းတစ်ခုရှိတယ်။ လူငယ်နှစ်ယောက်ဟာ စူးစမ်းလိုစိတ်နဲ့ သင်္ချိုင်းထဲဖြတ်လျှောက်ဖို့ စိတ်ကူးလိုက်တယ်။ လျှောက်ရင်းလျှောက်ရင်း တစ်နေရာရောက်တော့ "ရှ...ရှ..ရှ"နဲ့ အသံတစ်သံကို သူတို့ကြားလိုက်တယ်။ နှစ်ယောက်စလုံး လန့်ပြီး အသံလာရာဖက်ကို ကြည့်လိုက်တော့ မှတ်တိုင်တစ်ခုကို ကိုင်ပြီး ရပ်နေတဲ့ အဘိုးအိုတစ်ဦးကို တွေ့လိုက်တယ်။
လူငယ်ထဲက တစ်ယောက်က "အဘိုး.. ဒီလောက်ညဥ့်နက်နေပြီ ဘာလုပ်နေတာလဲ? ကျွန်တော်တို့က မကောင်းဆိုးဝါးထင်နေလို့ဗျ"လို့ မေးတော့ အဘိုးအို စကားကြောင့် လူငယ်နှစ်ယောက် သုတ်တင်ပြေးကြတော့တယ်။
အဘိုးအို ပြောလိုက်တာက " ငါ့နာမည် စာလုံးပေါင်းမှားနေလို့ကွ" ဟူတည်း။

24 August 2008

တွေးတွေးပြီးရယ် (၁)

တစ်ခါက တိုင်းပြည်တစ်ပြည်မှာ သန်းခေါင်ယံ ည၁၂နာရီတိတိမှာ ဖုန်းနံပါတ် သုည ၁၄လုံးကိုနှိပ်ရင် သေဆုံးသူတွေရဲ့ ဝိညာဉ်နဲ့ စကားပြောလို့ရတယ်ဆိုတဲ့ အယူတစ်ခုရှိခဲ့တယ်။

တစ်ညမှာ အဲဒီအယူကို အယုံအကြည်မရှိတဲ့ လူငယ်တစ်ယောက်က စမ်းသပ်ကြည့်ဖို့ စိတ်ကူးလိုက်တယ်။ သိလိုစိတ်ပြင်းပြင်းပြပြနဲ့ လူငယ်ဟာ ညသန်းခေါင် ၁၂ နာရီတိတိမှာ သုည ၁၄လုံးကို ကောက်လှည့်လိုက်တယ်။ တကယ်ပဲ ဖုန်းတစ်ဖက်က မိန်းကလေးအသံ တစ်သံထွက်လာတယ်။ ဖုန်းတစ်ဖက်က ပြောလိုက်တာက

"လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ ဖုန်းနံပါတ် မှားယွင်းနေပါသဖြင့်....... "

22 August 2008

RJ ရေးနည်း

၁။တစ်လုံးတည်းနဲ့ ပြောလို့ ရတဲ့ စာလုံးများကိုတောင် များအောင်ရေးပါ။
၂။RPက သိတဲ့စာလုံးများကိုဘဲ သုံးပါ။တခြားမသိတဲ့စာလုံးများဆိုလျင် ဆရာဖတ်ရင်း ရီလိမ့်မည်။
၃။အစတွင် Capital နှင့်ရေးပြီး အဆုံးတွင် Full-stop ချရန် မမေ့နှင့်။
၎။မပြတ်မသား ရှင်းရှင်းလင်းလင်းရေးခြင်းသည် ဆရာ မိမိRJအပေါ် အာရုံစိုက်မူကို ထက်သန်စေသည်။
၅။Professionally မြှောက်တတ် ပါစေ..။(အမြှောက်မကြိုက်တဲ့သူ ဒီခေတ်မှာ ရှားသကိုး)
၆။`RJ သည် မကြေနပ်သည်များ(Relfections) ကို ဆရာ့အားတိုင်ရန်နေ့စဉ်စာ(Journals)´ဟု အထင်မရောက်စေလိုပါ..။
၇။ကျောင်းသား ၂၅ယောက် မှရေးသော Rj ၂၅စောင်အား ဖတ်ရမည့် Faciကို စာနာသောအားဖြင့် ဟာသများထည့်ရေးပေးစေလို၏။(လူပဲ ပျင်းတတ်သကိုး)
၈။ရှေ့ အပိုဒ်နှင့် နောက်အပိုဒ် ညှိတတ်ပါစေ…။(I do all those things ရှေ့ အပိုဒ်မှာရေးပြီး second meeting အိမ်ပြန်သွားတယ် တွေ ဘာညာ နောက်အပိုဒ်မှာ ရှောင်ရမည်။)
၉။ Evaluations များသည် မိမိRJ၏ ဖော်ကောင်ဟု ထင်မှတ်ကြစေလိုသည်။
၉။idioms များမသုံးကြပါနှင့်။(ဆရာနားမလည်မှာ စိုးသောအားဖြင့်)
၁၀။singalish ဘေးမှ ဝေးကြပါစေ…။
ထိုထိုအချက်များကိုက်ညီသော RJ ကိုရေးသော ညီအစ်ကိုမောင်နှမများ ကိုယ့်RJ ကိုယ်တိုင်ဖတ်ကာ စိတ်တိုင်းကြလျင် submit iconကို အားပါးတရ နှိပ်နိုင်ကြပါစေ..။

ကျောင်းအပြီး…။
SASမှgraduateကိုကိုမမများကတော့ "Why does it work?"လို့ တစ်ဖုံ..။

SEGမှgraduate ကိုကိုမမများကတော့ "How does it work?" လို့ တစ်မျိုး..။

SITမှgraduate ကိုကိုမမများကတော့ "How much will it cost?" လို့ တစ်နည်း…။

STAမှ graduate ကိုကိုမမများကတော့ "Do you want fries with that?" လို့ တစ်လမ်း.. မေးတတ်လာကြပါလိမ့်မည်..။
မသိသေးသူများ စမ်းသပ်ကြည့်ပါကုန်………..။

အခုလိုဖောက်သည်ချပေးသော ကိုမင်းသက်အား RP Students များမှ ကျေးဇူးတင်ပါတယ်။ :)

17 August 2008

Faci နဲ့အရင်တိုင်ပင်ပါ

တစ်နေ့ Lab Assistance နဲ့ ကျောင်းသား နှစ်ယောက်ပေါင်းပြီး ကျောင်းပြေးကာ East coast မှာ အတွဲချောင်းနေကြတုန်း Faci နဲ့ တွေ့ ပါသတဲ့။
တွေ့ တော့ အတူတူလမ်းလျောက်ရင်း မီးခွက်ဟောင်းလေးတစ်ခု ရေစပ်နားလေးက ကျောက်တုံးဘေးမှာ သောင်တင်နေတာကို တွေ့ ကြပါတယ်။မီးခွက်လေး ပွတ်ကြည့်တုန်း မီးခွက်စောင့်သရဲ ၀ုန်းကနဲ ထွက်လာတယ်။ပြီးတော့ ကျေးဇူးတင်တဲ့အကြည့်နဲ့ ကြည့်ပြီး တစ်ယောက်ကို တစ်ခုဆီ လိုရာဆန္နဖြည့်ပေးမယ်ဆိုပြီး ဘာလိုချင်သလဲ မေးလိုက်တယ်။
ကျောင်းသား `Phuket က ပင်လယ်ပြင်က လှေပေါ်မှာ ခေါင်းမြီးမခြုံတဲ့ မလေးမ ချောချောလေးနဲ့  နှစ်ယောက်တည်းနေချင်တယ်´
`အပ်ချလောင်း´။ ဆုပြည့်သွားပြီး ကျောင်းသားလည်း East Coast ကနေ ပျောက်သွားသတည့်။
Lab assistance `ကျနော်ကတော့ ဟာဝိုင်ယီဗျာ ရည်းစားဟောင်းလေးတွေ တစ်ယောက်တစ်ဖက်နဲ့  အနားမှာ ရေခဲစိမ်ရှန်ပိုင်တစ်လုံးရှိမယ် ´
`အပ်ချလောင်း´။ Lab assistance လည်း East Coast ကနေ ပျောက်သွားပြန်တယ်။
မီးခွက်စောင့်။။ ကဲ နောက်ဆုံး အရှင်ဘာလိုချင်ပါသလဲ။
Faci။ ။ Third meeting ၂နာရီ အမှီ ဒီကောင်နှစ်ယောက်ကို စာသင်ခန်းထဲပို့လိုက်။
မှတ်ချက်။ ။ ကိုမင်းသက်ဧ။် ကိုယ်တွေ့ဖြစ်ရပ်
စိတ်မဆိုးကြေးနော်

RP Students

RP ကျောင်းသားမှန်ပါလျှင် Laptop တစ်လုံးနှင့် Internet Connection သာရှိပါက ပြသနာအားလုံးကို ရှင်းနိုင်သည်။

16 August 2008

ရှေ့တစ်မိုင်သာ စဉ်းစားပါ။

ဘယ်လောက်ဝေးဝေးကြီးသွားရဦးမယ်ဆိုတာ မစဉ်းစားပဲ ရှေ့တစ်မိုင်အတွက်ကိုပဲ စဉ်းစားပြီးလုပ်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ပန်းတိုင်ကိုရောက်လိမ့်မယ်လို့ယုံကြည်တယ်။
Eric Sevaried

14 August 2008

နေ့နှင့်နံနှင့်ချစ်ပါတယ်

ဒီတစ်ယောက်က တနင်္လာသားမို့
ကြင်ကြင်နာနာချစ်လိုက်သည်။
ဟိုတစ်ယောက်ကအင်္ဂါသားမို့
စွဲစွဲမြဲမြဲ ချစ်ပါတယ်။
အကိုကြီးက Wednesday မို့
ရင်နင့်နေအောင် ချစ်မိတယ်။
ကြာသာပတေးသား မောင်မောင်ကိုတော့
မြင်မြင်ချင်းပဲ ချစ်ခဲ့တယ်။
သောကြာသားလေး ကိုပူးကိုတော့
သေတပန်သက်ဆုံး ချစ်တော့မယ်။
စနေသားကြီး ကိုကိုနဲ့တော့
သက်လုံးပဲ တွဲသွားမယ်။
တနင်္ဂနွေသား မောင်လေးကတော့
မြဲတမ်းရင်မှာ စိုးမိုးနေတယ်။
ကဗျာရေးသူ ။ ။ အမည်မသိ ခေတ်စာဆို
ကဗျာအမျိုးအစား။ ။ ကျူချင်း

ငပျင်း

တစ်ခါက ရွာတစ်ရွာမှာ ငပျင်းဆိုတဲ့ လူတစ်ယောက် ရှိပါသတဲ့။ ပျင်းလိုက်ပုံများ နှစ်ယောက်မရှိပါဘူးတဲ့။ တစ်နေ့တော့ ငပျင်းအမေက ခေါ်ပါလေရော။

"ဟဲ့ သားလေးငပျင်း... ငှက်ပျောသီးလာစား"

"ဟာ... ပျင်းတယ်... အခွံနွှာပေး"

"ပြီးပြီ... ရော့" "၀ါးရမှာပျင်းတယ်... အမေ၀ါးပေး" "ပြီးပြီ" "မျိုချရမှာ ပျင်းတယ်... အမေပဲ မျိုချလိုက်တော့" အဲလောက်ကိုပျင်းတာ။ ပုလင်းနက်ဖိုရမ်ထဲ ၀င်ရင်လည်း တော့ပစ်တွေတင်တင်ပြီး ပျင်းလွန်းလို့ဆိုပြီး တစ်ခါမှ ၀င်မရေးပါဘူးတဲ့။ သူတင်တဲ့တော့ပစ်တွေမှာလည်း စာရိုက်ရမှာ ပျင်းလို့ဆိုပြီး ဘာခေါင်းစဉ်မှ မတပ်ပါဘူးတဲ့။ ဂလိုနဲ့ပဲ နောက်ဆံတတင်းတင်းနဲ့ ငပျင်းမိဘနှစ်ပါးဟာ ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားပါလေရောတဲ့။ ငပျင်းတစ်ယောက်ဟာ ချက်တင်ဝင်လိုက်၊ ဂိမ်းဆော့လိုက်၊ အိပ်လိုက်၊ စားလိုက် လုပ်နေရင်းက မိဘနှစ်ပါးထားခဲ့တဲ့ အမွေများ တဖြည်းဖြည်းပြောင်လာလိုက်တာ နွားပိန်တရှဉ်းနဲ့ အိမ်တစ်လုံးပဲ ကျန်ပါတော့ သတဲ့။ အဲဒီနွားပိန်တစ်ရှဉ်းဟာလည်း ငပျင်း ဂရုမစိုက်တဲ့အလျောက် ရွာထဲမှာ ဟိုခြံဝင် ဒီခြံထွက်နဲ့ ရွာသားတွေရဲ့ တောက်ညင့်ကပ်မှုကို အတော်လေး ခံရပါသတဲ့။ ဂလိုနဲ့ တစ်နေ့တော့ နွားတစ်ရှဉ်းခမျာ အသွားမတော် တစ်လှမ်း ဆိုသလို လူဖြောင့်စိတ်တို မုဆိုးကြီး ကိုဟိတ်ရဲ့ ညှောင့်ကျင်းထဲကျပြီး မာလကီးပါလေရော။ ကိုဟိတ်လည်း အားနာနာနဲ့ ငပျင်းကို ၀င်ပြောသတဲ့။ "မင်းနွားနှစ်ကောင်တော့ သွားရှာပြီကွာ... ကျွတ်ကျွတ်... အသားကိုပေါ်ပြီး အရပ်ဝေလိုက်တော့မယ်နော်... ရှလွတ်"

"သဘော သဘော... ကျန်တဲ့အရေခွံသာ ကျနော့်ပေး" နွားအရေခွံလည်းရရော အိမ်ပြင်မှာ နှစ်ရက်လောက် အခြောက်လှမ်းပြီး အဲဒီနွားအရေခွံ မစိုမခြောက်ကြီးကို လိပ်နေပါသတဲ့။ ရွာသားတွေလဲ ၀ိုင်းစပ်စုတာပေါ့။

"မစိုမခြောက်ကြီးနဲ့ ဘာလုပ်မလို့လဲ"

"အို... သူများကို အဲလိုမပြောပါနဲ့... အဲလေ... ဟိုဘက်ရွာမှာ ဆင်ခုနစ်ကောင် ဖိနပ်လုပ်ငန်းက အဲဒီနွားအရေခွံ မစိုမခြောက်တွေကို ဈေးကောင်းပေး ၀ယ်နေတယ်တဲ့" ငပျင်းလည်း ရွှီးလိုက်တာပေါ့။ အမှန်က ဘယ်ဟုတ်ရမှာလဲ။ ခြောက်တဲ့အထိ စောင့်ရမှာ ပျင်းလို့။ ရွာသားတွေလည်း ငပျင်းအကြောင်း နောကြေနေပြီမို့ မယုံတဲ့ အကြည့်နဲ့ ကြည့်ကြည့်ပြီး ထွက်သွားကြသတဲ့။ ငပျင်းလည်း ရှက်ရှက်နဲ့ သူအလိပ်ကြီးကို ကောက်ထမ်း ရွာပြင်ကို သုတ်သုတ်သုတ်သုတ်နဲ့ ထွက်သွားပါလေရော။ ဂလိုနဲ့ ခြေဦးတည့်ရာ လျှောက်သွားလိုက်တာ မှောင်လာတော့ သစ်ပင်တစ်ပင်ပေါ်တက်၊ သူ့အလိပ်ကြီး ခေါင်းအုံးပြီး အိပ်နေပါသတဲ့။ သန်းခေါင်လောက်လဲရောက်ရော လူတစ်စု မှောင်ရိပ်ခိုပြီး အဲဒီသစ်ပင်အောက် ရောက်လာပါသတဲ့။ သူတို့ကတော့ ဓားပြတိုက်ပြီး ဝေစုလာခွဲတဲ့ ဓားပြအုပ်စုပေါ့။ ခေါင်းဆောင်ကတော့ ဂိုဏ်းချုပ်ကြီး လေရူး။( ထီးကိုင်းများ၊ ဖိနပ်များ ချုပ်သူမဟုတ်)

"ကဲ... အားလုံးပဲ ဝေစုခွဲမယ်... ထိုင်ကြ။"

"ဆရာ... အနော်က အင်ခရစ်လုပ်ထားတဲ့ စစ်ကျူရတီကုတ်ကို ဖြေပေးတာနော်... အနော် ဝေစုပိုရသင့်တယ်။"

"အနော်က အလာမ်းစစ်စတမ်ကို ဒစ်ဇေးဘဲ လုပ်ပေးတာနော်... အနော်ပိုရမှ ဖြစ်မယ်။" "ဓားစာခံတွေကို ပွိုင့်သာတီအိတ်တစ်လက်တည်းနဲ့ ထိန်းရတဲ့ အနော့ကိုလည်း ထည့်တွက်အုံးမှပေါ့ ဆရာရူးရဲ့။"

"ဟိတ်... တိတ်ကြစမ်း... ဒီပလန်းကို ခေါင်းဆောင်စီစဉ်တဲ့ ငါသာလျှင် အရေးအပါဆုံး... ဟီးဟီးဟီး... ဒီတော့ ငါပဲ ဝေစုပိုရသင့်တယ်။"

(သံပြိုင်) "အဟင့်ဟင့်... ဆရာရူး မတရားဘူး။"

"ဘာကွ... ငါမတရားရင် မိုးကြိုးအကြိမ်တစ်ထောင် ငါ့ငယ်ပါတည့်တည့် အဲလေ ငါ့ငယ်ထိပ်တည့်တည့် ပစ်ပါစေကွာ... ဟွန်း..." အဲဒီအချိန်မှာပဲ ငပျင်းရဲ့ သားရေလိပ်ကြီးဟာ ခေါင်းအောက်ကလျှောပြီး ပြုတ်ကျလာသတဲ့။ "၀ုန်း.. ဂျုန်း.. ဂျလုံး.. ဖြောင်း... ဂျွတ်..." ဓားပြအုပ်စုလည်း မိုးကြိုးပစ်ပါပြီဆိုပြီး ရှိတာတွေ ပစ်ချ၊ ကိုယ်လွတ်ရုန်း ထွက်ပြေးကြပါလေရော။ မနက်မိုးလင်းလို့ သစ်ပင်အောက်ဆင်းလာတဲ့ ငပျင်းမတော့ ရတနာထုပ်ကြီးကို တွေ့ပြီး နဝေတိမ်တောင် ဖြစ်နေပါသတဲ့။ ရတနာတွေကများလွန်းတော့ အားလုံးကို မသယ်နိုင်တာနဲ့ နည်းနည်းလောက်ကို ပုဆိုးခါးပုံစထဲထည့်၊ ကျန်တာတွေကို မြေကြီးထဲမြုပ်ပြီး ရွာကို မြောက်ကြွမြောက်ကြွနဲ့ ပြန်လာပါသတဲ့။ရွာသားတွေလဲ ငပျင်းကို နားမလည်နိုင်တဲ့ အကြည့်နဲ့ ကြည့်ပြီး ရတနာတွေ ဘယ်လိုရလာလဲဆိုတာ ၀ိုင်းမေးကြသတဲ့။

"ဟီး အနော်ကျောသားပဲ။ ဟိုဘက်ရွာမှာ မစိုမခြောက်တွေကိုဈေးကောင်းပေး ၀ယ်နေပါတယ်လို့။" ငပျင်းလည်း ပြီးပြီးရော ပေါပေါကြီး ဖြေလိုက်တာပေါ့။ ရွာသားတွေလည်း ဒီတစ်ခေါက်တော့ ငါတို့ပွပြီဆိုပြီး ရွာထဲက ရှိသမျှနွားတွေကို ပေါ်၊ မခြောက်တခြောက်နေလှမ်းပြီး ဟိုဘက်ရွာကို အုပ်စုလိုက် သွားရောင်းကြသတဲ့။ ဟိုဘက်ရွာရောက်တော့မှ အလိမ်ခံလိုက်ရမှန်း သိတဲ့ ရွာသားတွေမှာ ဒေါသတကြီးနဲ့ အုပ်စုလိုက် ပြန်လာပြီး ငပျင်းအိမ် ကို မီးတင်ရှို့လိုက်ကြသတဲ့။ အင်တာနက်ကဖေးကပြန်လာတဲ့ ငပျင်းခမျာ ပြာပုံ အတိဖြစ်နေတဲ့ သူ့အိမ်ကိုမြင်လိုက်ရပေမယ့် ဘာမှမပြောဘဲ ပြာတွေကိုတောင်းတစ်လုံးထဲ ကောက်ထည့်ပြီး သုတ်သုတ်သုတ်သုတ်နဲ့ ရွာပြင်ကို ထွက်သွားပါသတဲ့။ စိတ်ဆိုးပုံမရတဲ့ ငပျင်းကိုကြည့်ပြီး ရွာသားတွေလည်း အံ့သြနေကြတာပေါ့။ ငပျင်းလည်း တောထဲသွား၊ ရတနာတွေကို တောင်းထဲထည့်ပြီး ညနေစောင်းလောက်မှ ရွာပြန်လာသတဲ့။ ရတနာတွေပါလာပြန်တဲ့ ငပျင်းကိုကြည့်ပြီး ရွာသားတွေလည်း စပ်စုကြပြန်ပါရော။ ငပျင်းကတော့ ခပ်တည်တည်ပဲ။

"ကိုရီးယားစတိုင် အိုးတိုက်ဖွဲပြာ လုပ်မလို့တဲ့... ဟိုဘက်ရွာမှာ အိမ်ပြာတွေကို ဈေးကောင်းပေးဝယ်နေတယ်။" ရွာသားတွေလဲ အဟုတ်မှတ်ပြီး ညတွင်းချင်း ကိုယ့်အိမ်ကိုယ် မီးရှို့ကြတာ တစ်ရွာလုံး မီးဟုန်းဟုန်းတောက်ပါလေရော။ မီးအား ဘယ်လောက်ကောင်းလဲဆိုရင် ဆယ်မိုင်အကွာက သန်းတုပ်လို့ ရပါသတဲ့။ နောက်နေ့မှာတော့ တောင်းကိုယ်စီထမ်းလို့ အိမ်ပြာသွားရောင်းတဲ့ ရွာသားတွေခမျာမှာ ခရီးစရိတ်တောင် ကြေအောင်မရောင်းရဘဲ ပြန်လာရပါသတဲ့။ ဒေါသချောင်းချောင်းထွက်နေတဲ့ ရွာသားတွေဟာ ချက်တင်ကျူနေတဲ့ ငပျင်းကို ၀ိုင်းဖမ်းပြီး ဂုန်နီအိတ်နဲ့ထုပ်၊ ကမ်းစပ်က လမုပင်ကြီးပေါ်မှာ ကြိုးနဲ့တုပ်၊ တွဲလောင်းချိတ်ထားပါသတဲ့။ ဒီရေတက်လာရင် ကြိုးဖြတ်ချမယ်ပေါ့။ အဲဒီအချိန်မှာပဲ နွားကျောင်းသားလေး ဂျွန်ဝူး ဟာ ပုလွေကျူရင်း နွားအုပ်ကြီးကို ကျောင်းလာပါသတဲ့။ ပုလွေသံကြားလိုက်ရတဲ့ ငပျင်းဟာ ဂုန်နီအိတ်ထဲကနေ ၀ူးဝါးဝူးဝါးနဲ့ ထအော်ပါလေရော။

"အဟင့် အဟင့် သူကြီးသမီးကို မယူပါရစေနဲ့... မယူပါရစေနဲ့... "

ဂျွန်ဝူးလည်း စိတ်ဝင်စားသွားပြီး လှမ်းမေးသတဲ့။

"သူကြီးသမီးက ဒါလောက်ချောတာ... ဘာလို့မယူချင်ရတာလဲ..." သူ့သမီးကို ယူရင် သူကြီးရာထူးကို ဆက်ခံရမယ်တဲ့... အနော်ကအေးအေးပဲ နေပါရစေလို့ ကျောတာကို လက်မခံဘဲ သဘူမတောမချင်း ဒီမှာ ချိတ်ထားမယ်တဲ့... အဟင့် အဟင့်..."

"ဟာ... ပိန်းလိုက်တာကွာ... နေရာချင်းတောင် လဲလိုက်ချင်တယ်... ဒီလိုလုပ် ငါ့နွားတွေ မင်းယူ... ငါက မင်းကိုယ်စား အထုပ်ထဲ ၀င်နေမယ်... ဘယ်လိုလဲ..." ငပျင်းလည်း သဘောမတူချင် တူချင်ပုံလေးနဲ့ လက်ခံလိုက်တာပေါ့။ ငပျင်း နွားအုပ်ကြီးနဲ့ ထွက်သွားချိန်မှာ ဂျွန်ဝူးတစ်ယောက် ဂုန်နီအိတ်ထဲမှာ သွားဖြဲပြီး ကြည်နူးနေပါသတဲ့။ ဒီရေတက်လာချိန်မှာ ရွာသားတွေရောက်လာပါလေရော။

"သူကြီးသမီးကို ယူမယ်... သူကြီးသမီးကို ယူမယ်..." ဂုန်နီအိတ်ထဲက စူးစူးဝါးဝါးအော်သံကို ကြားလိုက်ရတဲ့ ရွာသားတွေဟာ ဂျွန်ဝူးကို ၀ိုင်းရိုက်ပြီး ရေထဲ ကန်ချလိုက်ကြပါလေရော။ (နောက်ပိုင်း ဂျွန်ဝူးဘာဖြစ်သွားသည်ကို အနော်တကယ်မသိပါ။)

"ဟင်း သေခါနီးတောင် တဏှာရူးနေသေးတယ်" ညနေလည်းစောင်းရော ငပျင်းတစ်ယောက် ပုလွေမှုတ်ရင်း ရွာထဲကို နွားတစ်အုပ်နဲ့ ပြန်လာပါသတဲ့။ ရွာသားတွေလည်း မျက်လုံးပြူး မျက်ဆံပြူးနဲ့ ဖြစ်ကြောင်းကုန်စင်ကို စပ်စုကြပါသတဲ့။

"အနော် ရေထဲလဲရောက်ရော နဂါးမင်းကြီးနဲ့ တွေ့တယ်"

"နဂါးမင်းက ဘယ်လိုပုံလဲဟင်... ကိုစီအမ်တို့၊ ကိုအားဂလီးတို့လိုမျိုး ခပ်ဖြောင့်ဖြောင့်လား..." "အဟီး... ဟုတ်ဘူး... ကိုမဟာလိုမျိုး ခန့်ချောကြီး..."

"အင်း... အဲဒီတော့..." "အဲဒီတော့သူက အနော့ကိုပြောတယ်... နွားတွေကြိုက်သလောက် ဖမ်းသွား တဲ့..." "ဟင်.. ရေထဲမှာ နွားတွေရှိတယ်... ဟုတ်လား..."

"သြော်... မယုံရင် ဒီမှာ အနော်ဖမ်းလာတဲ့ နွားတွေသာ ကြည့်ပေတော့... ပြီးတော့ ပြောလိုက်သေးတယ်... နွားတွေထပ်လိုချင်ရင် ဒီရေတက်ချိန်မှာ ဂုန်နီအိတ်စွပ်ပြီးလာငုပ်လှည့် တဲ့" ရွာသားတွေလည်း ၀မ်းသာအားရနဲ့ ခုန်ပေါက်ပြီး အိမ်ကိုပြန်ပြေးကြပါလေရော။ နောက်နေ့လည်းကျရော ကမ်းစပ်က လမုပင်တွေမှာ တွဲလောင်းဆွဲထားတဲ့ ဂုန်နီအိတ်တွေ အစီအရီပါပဲတဲ့။ အကြောင်းရင်းကတော့ တစ်ရွာလုံးလိုလို နွားငုပ်ဖို့ ပြင်ဆင်နေတာပါတဲ့။ ဒီရေလည်းတက်လာရော ရွာသားတွေရဲ့ ဇနီးဖြစ်သူတွေဟာ ၀မ်းသာအားရနဲ့ ကြိုးတွေကို ဖြတ်ချလိုက်ကြတာ တဗွမ်းဗွမ်းနဲ့ ဆူညံနေပါသတဲ့။ နောက်နေ့ရောက်တဲ့အထိ နွားငုပ်သွားကြသူ ရွာသားတစ်စုဟာ ပြန်ပေါ်မလာပါဘူးတဲ့။ ဒီအချိန်မှာ ငပျင်းရောက်လာပြီး ပြောပါသတဲ့။

"အဟီး တစ်ခုပြောဖို့ မေ့သွားတယ်... နဂါးမလေးတွေက သိပ်ချောတော့ တော်ရုံလူဆို ပြန်လာချင်မှာ မဟုတ်ဘူး" ဂလိုနဲ့ ငပျင်းဟာ အားကိုးရာမဲ့နေတဲ့ အမျိုးသမီးလေးများကို လက်ထပ်ပြီးသကာလ ရွာသူကြီးအဖြစ် ပျော်ရွှင်စွာ အသက်ထက်ဆုံးနေသွားပါသတဲ့။ ပြီးပါပြီ။ ----------------------------------------------------------------------------------------

ဒီပုံပြင်ကပေးတဲ့ သင်ခန်းစာလေးကတော့ အချောင်နေမှ ကောင်းစားကြ။ အဲ မဟုတ်သေးပါဘူး။ များများလိမ်လေ အသက်ရှည်။ အဲ ဒါလည်းမနိပ်သေးဘူး။ သိဘူး။ ကိုယ့်ဟာကိုယ် ကြိုက်သလို ဆွဲတွေးပေတော့။ ပုံပြင်ကို မကြိုက်ရင် အဲဒါ ပုံပြင်ကို စတီထွင်ခဲ့တဲ့လူရဲ့ အပြစ်သာဖြစ်ပါကြောင်း။

P.S. http://lionslayer.multiply.com/journal မှ

09 August 2008

Changing of Our Committe Main Email Account

Hi Guys,
We changed our main email account to rpmyanmarstudents@gmail.com. And we no more use the old account rp.myanmar.union@gmail. We found that many RP Myanmar students didn't receive our emails and don't know updates about ours. So please kindly add our new email account. We appreciate your co operation and participation.
Regards
RP Myanmar Students Union.

Myanmar & Wireless

ဂျပန်မှဘူမိဗေဒပညာရှင်တွေကတူးဖော်ရေးလုပ်ကွက်တစ်ခုကနေမထင်မှတ်ပဲမြေအောက်မီတာ (၁၀၀၀)ကျော်မှာ Copper Wire တွေတူးဖော်တွေ့ရှိသွားကြတယ်။ဂျပန်မှ Scientists တွေရဲ့စမ်းသပ်မှုအရအောက်ပါအတိုင်းမှတ်ချတ်တစ်ခုချလိုက်သည်။
"မိမိတို့ဘိုးဘေးဘီဘင်တွေဟာရှေးနှစ်ပေါင်း၁၀၀၀ခန့်ကတည်းကCopper Wire Coxial Technology တွေအသုံးပြုခဲ့ကြတယ်တဲ့။"
အဲ့ဒါကို မခံနိုင်ဖြစ်သွားတဲ့အမေရိကန်တွေက သူတို့နိုင်ငံမှာ မြေအောက်မီတာ(၂၀၀၀)တူးကြတယ်။ထူးဆန်းစွာနဲ့ Fiber Cables တွေကို တွေ့ ရှိသွားတယ်။ အမေရိကန်ပညာရှင်တွေက အောက်ပါအတိုင်းမှတ်ချတ်ချလိုက်ကြတယ်။
"မိမိတို့ဘိုးဘေးဘီဘင်တွေဟာရှေးနှစ်ပေါင်း၁၀၀၀ခန့်ကတည်းက Optical Technology (or) Photonic Technology တွေအသုံးပြုခဲ့ကြတယ်တဲ့။"
နောက်ဆုံးမြန်မာနိုင်ငံမှလည်းအားကျမခံ မြန်မာ့မြေအောက်ကိုတူးဖော်ခိုင်းလိုက်ကြတယ်။ မီတာ (၁၀၀၀)တူးတယ်....ဘာမှမတွေ့ ဘူး။ မီတာ (၂၀၀၀)တူးတယ်...အဲ.ဘာမှမတွေ့သေးဘူး။ ဒါနဲ့ပိုသေချာသွားအောင် မီတာ (၃၀၀၀)အထိတူးလိုက်ကြတယ်။ ။ အံ့သြစရာပဲဗျာ....။ ဘာဆိုဘာမှကို မတွေ့တာ...။ ဒါနဲ့နောက်ဆုံး မှတ်ချတ်တစ်ခုချလိုက်ကြတယ်။
"မိမိတို့ ဘိုးဘေးဘီဘင်တွေဟာ ရှေးနှစ်ပေါင်း ၁၀၀၀ ကျော်ခန့်ကတည်းက Wireless Technology တွေအသုံးပြုခဲ့ကြတယ်တဲ့။" ။

ကွာခြားချက်

ဆင်းရဲသားတွေဝက်မွေးတယ်၊လူကုံထံတွေကျတော့ခွေးမွေးတယ်။ဆင်းရဲသားတွေအိမ်မှာဟင်းသီးဟင်းရွက်စားတယ်။လူကုံထံတွေဟော်တယ်တက်ပြီး ဟင်းသီးဟင်းရွက်စားတယ်။ဆင်းရဲသားတွေလမ်းပေါ်မှာစက်ဘီးစီးတယ်။လူကုံထံတွေဧည့်ခန်းထဲမှာစက်ဘီးစီးတယ်။ ဆင်းရဲတုန်းမယားက Secretary တာဝန်တွဲယူရတယ်။ ချမ်းသာတော့secretaryကမယားတာဝန်တွဲယူရတယ်။ ဆင်းရဲတုန်းချမ်းသာချင်ယောင်ဆောင်တယ်။ ချမ်းသာတော့ဆင်းရဲချင်ယောင်ဆောင်တယ်။
ဒီခေတ်ကြီးမှာ.... ဆင်းရဲသားတွေအသားစားတယ်၊လူကုံထံတွေပုစွန်စားတယ်၊ပါတီခေါင်းဆောင်တွေကျတော့ အလကားရတာမှန်သမျှစားတယ်။ ယောင်္ကျားတွေမြင့်ချင်တယ်၊မိန်းမတွေပိန်ချင်တယ်။ခွေးတွေ အကျီဝတ်ကုန်ပြီး လူတွေကျတော့ ကိုယ်ပေါ်ကအသားတွေပေါ်နိုင်သလောက်ဖော်ကြချွတ်ြကတယ်။
P.S(သူငယ်ချင်းတစ်ယောက်ဆီမှ)

တံတားဆောက်မယ်၊ လမ်းဖောက်မယ်

တခါကနတ်ပြည်ကသိကြားမင်းနှင်ံငရဲပြည်ကငရဲမင်းတို့တွေ့ကြပြီးနတ်ပြည်နှင့်ငရဲပြည်ရထားလမ်းဖောက်လုပ်ပြီး ရထားလမ်းကို လူ့ပြည်မှာဆုံကြဖို့သဘောတူကြပါတယ်။
ဒါနဲ့ငရဲမင်းကြီးကရထားလမ်းဖောက်လာလိုက်တာ လူပြည်ကိုေ၇ာက်လာပါလေရော။ ဒါပေမယ့်သိကြားမင်းရဲ့ ရထားလမ်းကအစအနတောင်မမြင်ရသေးပါဘူး။ "ငရဲမင်းကြီးက သြော်..နောက်ကျနေလို့နေမှာပဲ" ဆိုပြီးဆက်ဖောက်လာလိုက်တာ ရထားလမ်းကနတ်ပြည်မှာဆုံးပါလေရော။ ဒါနဲ့ငရဲမင်းကြီးလည်းစိတ်တိုတာနဲ့သိကြားမင်းကြီးကိုအပြစ်ပြောပါလေရော။
အဲဒီမှာ သိကြားမင်းပြန်ပြောလိုက်ပုံက "ခင်ဗျားတို့ ငရဲပြည်မှာက ဆောက်လုပ်ရေးဝန်ထမ်းတွေပေါတယ်ဗျ။ ကျုပ်ဆီကိုက တစ်နှစ်နေလို့ တစ်ယောက်တောင်ရောက်တာမဟုတ်ဘူးဗျ" တဲ့။

08 August 2008

ပြောပေးပါဦး

သူ့ ကိုတွေ့ရင်ပြောပြပေးပါ။ Fan ထည့်ပါဦး။ :)

06 August 2008

အင်း... တွေးမိတာကတော့

Semester ဧ။်နောက်ဆုံးအပတ်သို့ ရောက်ရှိလာပါပြီ။ တစ်ချို့ သော သူတွေက ပြည်တော်ပြန်ဖို့ စိုင်းပြင်းနေကြပါပြီ၊ တစ်ချို့ က BF, GF နဲ့ ဘယ်လိုကဲမလဲလို့ စဉ်းစားနေကြပါပြီ။ တစ်ချို့ ကတော့ Vacation ကိုဘယ်လို အကျိုးရှိရှိ အသုံးချမလဲလို့ တွေးတောနေကြပါတယ်။ အဲတစ်ချို့ သော အထီးကျန်သမားများကတော့…………………

ချစ်သက်သေ

စကာင်္ပူမှကောင်လေးက မြန်မာပြည်မှ ကောင်မလေးကို ရည်းစားစကားပြောနေသည်။
ကောင်လေး။ ။ နင့်ကို ငါတကယ်ချစ်ပါတယ်။ ရိုးမြေကျပေါင်းပါမယ်လို့ ကတိပေးပါတယ်။
ကောင်မလေး။ ။ နင်က ငြင်းရက်စရာဘာမှမရှိပါဘူးဟာ။ ဒါပေမယ့် ငါ့ကိုစဉ်းစားခွင့်တော့ပေးပါဟာ။
ကောင်လေး။ ။ အင်း တသက်တာအတွက်ပဲ၊ စဉ်းစားရမှာပေါ့။ ဒါပေမယ့် ဘယ်တော့အဖြေပေးမလဲတော့ပြောလေ။
ကောင်မလေး။ ။ု မြန်မာတစ်ပြည်လုံး မီးလာတဲ့နေ့ကျရင် နင်လိုချင်တဲ့အဖြေကိုပေးပါ့မယ်ဟာ။
ကောင်လေး။ ။ အေးလေ။ ငါလည်း စကာင်္ပူတစ်နိုင်ငံလုံး မီးပျက်တဲ့နေ့အထိ နင့်အဖြေကိုစောင့်နေပါ့မယ်။

04 August 2008

Just for fun

ဖခင်။ ။ သားရေ.. အဖေ မင်းကို မိန်းမပေးစားမလို့ စီစဉ်နေတယ်ကွ။
သား။ ။ ကျုပ်က ကိုယ့်ကြိုက်တဲ့လူပဲ ကိုယ်ယူမှာ ဗျ။
ဖခင်။ ။ နေအုံး သား... ကောင်မလေး က ဘီလ်ဂိတ် သမီးကွ။
သား။ ။ အော် ဒီလိုလား... အဖေ့ စကားနားထောင်လိုက်ပါမယ်။
ထို့နောက် ဖခင် သည် ဘီလ်ဂိတ် ထံသို့သွား ပြီး....
ဖခင်။ ။ ခင်ဗျား သမီးအတွက် အင်မတန်သင့်တော်တဲ့ ကောင်လေးတစ်ယောက်တွေ့ထားတယ်။
ဘီလ်ဂိတ်။ ။ ကျွန်တော့် သမီးလေး က ငယ်ပါသေးတယ်ဗျာ။ဖခင်။ ။ နေအုံး... ဟိုကောင်လေး က ကမ္ဘာ့ဘဏ် လက်ထောက် ဥက္ကဌ ဗျ။
ဘီလ်ဂိတ်။ ။ အာ.. ဒီလိုဆိုတော့လဲ လက်ခံရမှာ ပေါ့ဗျာ။
နောက်ဆုံးတွင် ဖခင်သည် ကမ္ဘာ့ဘဏ် ဥက္ကဌ ထံသို့သွားသည်။
ဖခင်။ ။ ဥက္ကဌ ကြီးခင်ဗျား... လစ်လပ်နေတဲ့ လက်ထောက်ဥက္ကဌ ရာထူးအတွက် အထူးသင့်တော်တဲ့ သူငယ်လေးတစ်ယောက် တွေ့ထားပါတယ်။
ဥက္ကဌ။ ။ကျွန်တော်မှာ လိုအပ်တာထက် အဲဒီရာထူးအတွက် လိုအပ်တာထက်တောင် ပိုများနေပါတယ်။
ဖခင်။ ။ နေအုံး.. ဒီသူငယ်လေးက ဘီလ်ဂိတ်ရဲ့ သားမက်ကလေးဗျ။
ဥက္ကဌ။ ။ ဒီလိုလား... ရပါတယ်။
မှတ်ချက်။ ။သင့်လက်ထဲမှာ ဘာမှမရှိလဲ သင့်မှာ positive attitude ရှိရင်... သင်ဖြစ်ချင်တာတွေ ဖြစ်လာပါလိမ့်မယ်။

Final Year မှခံစားချက်


31 July 2008

အစဉ်အလာပါပဲ

ဟဲဟဲ... RP ကျောင်းသားတွေကတော့ အစဉ်အလာပါပဲ။ စာသင်တော့လည်း 6th presentation ပြီးမှ ပြီးတယ်။ Committee ဖွဲ့တော့လည်း 6 commitee ပဲ။ :) အားလုံးရဲ့ညီညွတ်မှုကို ကျေးဇူးတင်ပါတယ်။
All the Best
cheers

28 July 2008

Kindly Add this account into your gtalk list

Dear Brothers and Sisters,
We create a account rp.myanmar.union@gmail.com. Please add this account into your gtalk list. So we can update and inform to you all. Thanks

24 July 2008

They Can...Why we cannot?...

Hi Guys
As you all know the other two poly, Temasek and Nan Yang did their culture show in our RP Campus. We all just appreciated their afford and can't show back our abilities to them. So, we are planning to hold our RP Culture Show in next year. So we invite you all to participate in our plan. We need all of yours support and participation.
They can do their Culture Show in our campus
Why we cannot do our OWN CULTURE SHOW IN OUR CAMPUS?
Let's unite .

Invite All RP Myanmar Students to our meeting


Dear Brothers and Sisters from RP

We are planning to hold a Myanmar Cultural Show in next year 2009. As you all know it's a very big event, we need a lot of time and afford to make it happens successfully. It is so obvious that it cannot be done by alone and we need all of your support and participations.

Firstly, we are planning to form a committee and seek advice from every one of you. Therefore, we have decided to have a meeting with all of you. So that I would like to invite all of you to attend this meeting and hope that all of you can spare a little time from your precious time for our great cultural show. Last but not least, we would like to have some advice and suggestions for our program. Thus, please do feel free to present any of your ideas and opinions.

We have very cheerful news to inform all of you. For our RP Thingyan, our only Myanmar teacher will be going to support. So now she booked a lecture room for us to hold a meeting. So now I will inform all of you the venue for our meeting. The new venue is

E4 Lecture theatre level 3

Time: 4:45 pm to 6:00 pm
Date: 31 of July

Myat Sandi Oo (73992)

Chan Myae (85285)

Naing Wai Thaw (85217)

wow...Miracle...??

i m sure tat everyone are busy with PBL...but now we r planning to form a miracle in RP..that is our first Republic Polytechnic Myanmar Cultural Show..so called RP Thingyan....

21 July 2008

Welcome

Welcoe to all myanmar students. We appreciate all who want to write blog. :P Let's blog.