Showing posts with label Ideas. Show all posts

19 January 2009
10 December 2008
16 November 2008
စိတ်ဆိုးခြင်းဧ။်နောက်ကွယ်
ဒီလိုအဖြစ်လေးတစ်ခု ရှိခဲ့ဖူးပါတယ်။ တစ်ခါက လူတစ်ဦးမှာ လိမ္မာပြီးသခင်စကားနားထောင်တဲ့ ခွေးကလေးတစ်ကောင်ရှိတယ်။ တစ်နေ့မှာ ခွေးကလေးကိုဘေးအိမ်ခွေးကြီးက ကိုက်ပစ်လိုက်တယ်။ ထိခိုက်ဒဏ်ရာ ရသွားတဲ့ ခွေးကလေးကိုသခင်က ဆေးထည့်ပေးဖို့ ပွေ့အချီမှာ မမျှော်လင့်ဘဲ လက်ကိုလှမ်းကိုက်ခံလိုက်ရတယ်။ သခင်က စိတ်မဆိုးတဲ့အပြင် "ကျွန်တော့်ကိုလှမ်းကိုက်တာ သူဒဏ်ရာ ရထားလို့ပါ" လို့ ပြောခဲ့တယ်။
ဒါဟာ ဒဏ်ရာရနေတဲ့ ခွေးတစ်ကောင်ရဲ့ ပင်ကိုယ်တုန့်ပြန်မှုဖြစ်တယ်။ သခင်ကိုလှမ်းကိုက်တာက မုန်းလို့မဟုတ်ဘဲ ဒဏ်ရာရနေတဲ့ ကိုယ့်ကို နောက်ထပ်အနာတရမဖြစ်အောင် ကာကွယ်လိုက်တာပဲဖြစ်တယ်။ ဒါကို သခင်က နားမလည်ခဲ့ရင်သခင့်ကိုတောင် ကိုက်တဲ့ခွေးဆိုပြီး ခွေးကလေးအပေါ် စိတ်ဆိုးဒေါသထွက်မိလိမ့်မယ်။ စိတ်ဆိုးဒေါသရဲ့ နောက်ကွယ်မှာ ဒဏ်ရာရနေတဲ့ ခွေးကလေးကိုသခင်က တစ်ခုခုထပ် လုပ်မိမှာ အမှန်ပါပဲ။

နောက်အဖြစ်တစ်ခုက ဒီလိုဆိုပါတယ်။
ရုံးဆင်းပြန်လာတဲ့ ဖခင်တစ်ဦးဟာ အိမ်ထဲဝင်လိုက်တာနဲ့ဧည့်ခန်းတစ်ခုလုံးကို ကစားစရာတွေနဲ့ ရှုပ်ပွအောင် ဆော့ကစားနေတဲ့သားကိုတွေ့လိုက်တယ်။ ဖခင်ဟာ သားကို ဘာအကျိုးအကြောင်းမှ ပြောမနေဘဲဒေါသတကြီး သားကို ဆူတော့တယ်။ ထက်မြက်တဲ့သားက ဘာမှပြန်မပြောဘဲပစ္စည်းတွေကိုသိမ်း လက်ကို စင်ကြယ်အောင် ဆေးပြီးမှ ဖခင်ကို ပွေ့ဖက်ပြီး"ဖေဖေ... ဒီနေ့အလုပ်မှာ ဘဝင်မကျတာတွေ ဖေဖေကြုံခဲ့ရတယ် မဟုတ်လား?" လို့မေးလိုက်တယ်။
လိမ္မာတဲ့သားက ဖခင်ဒေါသထွက်ရတာဟာ သူတစ်ယောက်တည်းကြောင့် မဟုတ်ဘဲဖခင်စိတ်ထဲမှာ နဂိုကတည်း တစ်ခုခု ထိခိုက်ခံထားရလို့၊ မကျေနပ်လို့ဆိုတာကို သဘောပေါက် နားလည်လိုက်တယ်။

ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာလည်း ဒီလိုအဖြစ်မျိုးတွေ မကြာခဏကြုံဖူးကြမယ်ထင်ပါတယ်။ ဥပမာ...
ကျောင်းဆင်းပြန်လာတဲ့ ကလေးငယ်တစ်ယောက် ဒေါသတကြီးနဲ့ လွယ်အိတ်ကို ခုံပေါ်ပစ်တင်လိုက်တယ်။ "ဘာဖြစ်လာသလဲ?" လို့ သူ့ကိုမေးရင် "မေမေနဲ့ မဆိုင်ပါဘူး၊ဟာ... သိပ်ရှုပ်တာပဲ" စတာတွေနဲ့ ကိုယ့်ကို ပြန်အော်တတ်သလိုမျိုး
" ဒီည ဘာဟင်းစားချင်သလဲ" လို့ ကြင်ကြင်နာနာနဲ့ မေးလာတဲ့ ဇနီးကိုလင်ယောက်ျားက "မင်းနဲ့ငါ ယူတာ ဒီလောက်ကြာနေပြီ။ ငါဘာကြိုက်တယ်ဆိုတာမင်းမသိဘူးလားကွ" လို့ ပြန်အော်တတ်သလိုမျိုး

ဧည့်ခန်းမှာ ကလေးငယ်ကို ပွေ့ပြီး မျက်နှာရှစ်ခေါက်ချိုးနဲ့ ထိုင်နေတဲ့ဇနီးကို ရုံးဆင်းပြန်လာတဲ့ လင်ယောက်ျားက "နေမကောင်းလို့လား?" လို့ဂရုတစိုက်နဲ့ မေးတဲ့အမေးကို "ရှင် ဘာဖြစ်လို့ အခုမှ ပြန်လာရသလဲ?" လို့အော်ငေါက်သလိုမျိုး
အထက်က အဖြစ်အပျက်မျိုးတွေမှာ ဂရုတစိုက်မေးတဲ့ကိုယ့်ကိုပြန်အော်တယ်ဆိုပြီး ကျွန်မတို့လည်း စိတ်ဆိုးဒေါသထွက်ကြမှာပဲ။ အဲဒီနောက်အပြန်အလှန် အော်ဟစ်တာ၊ ကျိန်ဆဲတာတွေ ဖြစ်လာတော့မယ်။ ဒါမှမဟုတ်မခေါ်မပြောတဲ့ သွေးအေးစစ်ပွဲတွေ စတော့မယ်။

တကယ်လို့ သူငါ့ကို ပြန်အော်တာ အပြင်မှာ၊ တစ်နေရာရာမှာ သူဘဝင်မကျခဲ့လို့၊ထိခိုက်ခဲ့လို့၊ စိတ်ဒဏ်ရာရခဲ့လို့၊ အနိုင်ကျင့်ခံခဲ့ရလို့လို့ဖြေတွေးခဲ့ရင် ပြဿနာတစ်ခုက ရိုးရိုးရှင်းရှင်းနဲ့ ပြီးသွားနိုင်ပါတယ်။
စိတ်ဒဏ်ရာရနေတဲ့ လူတစ်ယောက်ကို ကျွန်မတို့ ဘယ်လိုဆက်ဆံမလဲ? သူဟာတစ်ခြားသူရဲ့နားလည်မှု၊ လက်ခံနိုင်မှုတွေကို လိုအပ်နေသူဖြစ်တယ်။
ဒေါသတကြီးနဲ့ လွယ်အိတ်ကို ခုံပေါ်ပစ်တင်တဲ့ ကလေးငယ်ကို "သား ကျောင်းမှာတစ်ခုခုဖြစ်ခဲ့ပြီမဟုတ်လား.. လာ..လာ.. ဘာတွေဖြစ်ခဲ့လဲ မေမေ့ကိုပြောပြ"

ဒေါသထွက်တဲ့ လင်ယောက်ျားကို ဇနီးက "ဘာတွေ မကျေမနပ်ဖြစ်နေတာလဲ?ကျွန်မကလွဲရင် ရှင့်ကို စိတ်ဆိုးအောင် ဘယ်သူလုပ်နိုင်သလဲ?"
မျက်နှာရှစ်ခေါက်ချိုးနဲ့ ဇနီးကို "တစ်နေ့ကုန် ကလေးထိန်းနေရတာပင်ပန်းနေပြီလား? အိမ်အလုပ်တစ်ခုခု ကိုယ်ဘာများကူညီရမလဲ?" စတဲ့စကားတွေကစိတ်ဆိုးဒေါသထွက်နေသူရဲ့ စိတ်ကို အနည်းအများတော့ ပြောင်းလဲစေမှာအမှန်ပါပဲ။ တစ်ပါးသူရဲ့ နားလည်မှု၊ လက်ခံမှုကိုရရှိပြီးနောက် ဒေါသတကြီးထွက်ဆိုခဲ့မိတဲ့ သူတို့စကားတွေအတွက် သူတို့ အားတုန့်အားနာ ဖြစ်နေမိမှာသေချာပါတယ်။

မှတ်ချတ်။ ။ မင်္ဂလာစု စာအုပ်မှ
12 November 2008
24 October 2008
Confidence
Body follows mind, Mind is driven by confidence. So Just believe your confidence that you can do it.
03 October 2008
ဒီစာလေးကို ကျေးဇူးပြုပြီ ဆုံးအောင်ဖတ်ပေးပါ..........
ဟိုးရှေးရှေးတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက် ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီး ပြောပါတော့တယ်။ မင်း တစ်ခါစိတ်တိုတိုင်း သံတစ်ချောင်းကို နောက်ဖေးက ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။အဖေက အဲ့ဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ ၀င်းထရံတိုင်မှာ သံပေါင်း ၃၇ချောင်းရိုက်သွင်းဖြစ်သွားတယ်။ အဲဒီလိုနဲ့ သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ သူစိတ်သူထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့ ကျဲလာခဲ့တယ်။ ဒီလိုနဲ့ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင် ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းရတာပိုလွယ်လာမှန်း သဘောပေါက်လာတော့တယ်။
အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေနိုင်တဲ့နေကို ရောက်လာရော။ ကောင်လေးကပြေးပြီး သူအဖေကို သတင်းသွားပို့တယ်.. အဖေရေ.. သားတော့ စိတ်ကိုထိန်းနိုင်သွားပြီဗျ..
အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော..မင်းကိုယ်မင်း ဒေါသမဖြစ်အောင် တစ်နေကုန်ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို ပြန်နှုတ်ဦးကွာ။ တစ်နေ့ ထိန်း နိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့ နှုတ်နော်လို့ မှာလိုက်သတဲ့။ ရက်တွေကြာလာတော့ ကောင်လေးက သူအဖေကို ပြောနိုင်သွားတယ်။ အဖေရေ.. သားရိုက်ခဲ့တဲ့ သံတွေအားလုံးကို နှုတ်ပြီး သွားပြီ တစ်ချောင်းမှ မကျန်တော့ဘူး။
သည်အခါအဖေလုပ်တဲ့သူက သားရဲ့လက်ကိုဆွဲပြီး သားရိုက်ခဲ့တဲ့ဝင်းထရံဆီကို ခေါ်သွားတယ်။ တော်တယ်ငါ့သား လို့လည်းဆိုတယ်။ ဒါပေမယ့် သား သေချာကြည့်စမ်း။ ၀င်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက အရင်တုန်းကလို ချောချောမွေ့မွေ့မဟုတ်တော့ဘူး ဆိုတာ သားမြင်တယ် မဟုတ်လား။ အေး..သားကစိတ်တိုတိုနဲ့ ပါးစပ်ကပြောချလိုက်တဲ့အခါ တစ်ဖက်သားဆိုတဲ့ဝင်းထရံတိုင်မှာ အခုလိုအမာရွတ်တွေထင်ကျန်ရစ်ခဲ့တတ်တယ် သားရယ်။အဲ့ဒီလိုပဲလူတစ်ယောက်ကို သားကဓါးနဲ့ထိုးလိုက်တယ်။ ပြီးရင်ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်းပန်တယ်ဆိုပါစို့။ သားဘယ်နှစ်ခါပဲရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်ကတော့ မလွဲမသွေကျန်ခဲ့မှာပဲ ငါ့သားရယ်..တဲ့။တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ရတနာတွေပါပဲ။ သူတို့ဟာ ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊သုခတွေကိုလည်း မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။ ဒါကြောင့်တစ်ခုခုဆိုစိတ်လိုက်မာန်ပါမလုပ်နဲ့။ သူတို့ကိုသံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ်မရောက်ပါစေနဲ့။ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက်ဂရုစိုက်ကြောင်း သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ် ဂရုစိုက်လာအောင်လုပ်ပေးသင့်ကြောင်းပြောကြားပေးပါ။ ဒါကြောင့်ကိုယ်တိုင်က သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့သူတွေဆီကို ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပါ။ ယုတ်စွဆုံး ဒီစာလေးကို ပို့လိုက်တဲ့သူဆီ ဒီအတိုင်းပြန်ပို့နိုင်ပါသေးတယ်။ ကိုယ်ပို့လိုက်တဲ့စာ ကိုယ့်ဆီ ပြန်ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေကောင်းတွေရှိနေတာကို အလိုလိုခံစားနိုင်မှာပါ။
ဒီစာအုပ်နာမည်က နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င် ရွှင်လန်းတဲ့စိတ် ဖြစ်ပါတယ်။ ရေးတဲ့သူက ဆရာအတ္တကျော်ပါ။အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျက်.....

01 October 2008
ကျွန်တော်တို့ အစက ပြန်စကြရအောင်
အလုပ်လုပ်တဲ့နေရာမှာ
ခမ်းနားကြီးကျယ်ပါစေ၊
တိကျသေချာပါစေ၊
ကိုယ့်ပုံစံဟန်ပန် ပါပါစေ။
{ဖရက်(ဒ)အက်စတဲ့}
"စားသုံးသူအတွက်ထိပ်တန်းအဆင့်ဝန်ဆောင်မှု"ဟု ကျွန်တော့်ဘာသာအမည်ပေးထားသည့် ဖြစ်ရပ်တစ်ခု များမကြာမီက ကျွန်တော်ကိုယ်တွေ့ ကြုံခဲ့ရပါသည်။ နေ့က စနေနေ့။ အေးမြသော ဆောင်းကာလ၊ ကနေဒါပပြည် တရွန်မြို့ မှာဖြစ်သည်။
စနေနေ့ကသက်သက်သာသာအားအားယားယားအနားယူသောနေ့ဖြစ်သည်။ကလေးတွေလည်းအလည်အပတ်သွားနေသဖြင့် ဇနီးသည် ကိတ်နှင်ကျွန်တော် နှစ်ယောက်တည်းကျန်ရစ်သည်။
အိပ်ရာက နောက်ကျမှထသည်။နေ့စဉ်လုပ်ရိုးလုပ်စဉ်အလုပ်တွေအားလုံးကိုအေးအေးဆေးဆေးသုံးလေးနာရီနောက်ကျခံပြီးလုပ်ရသည်မှာ အရသာရှိလှသည်။ မြို့ ထဲမှာဟိုငေးဒီငေး။ ဈေးဆိုင်တွေဝင်ကြည့်၊ ပြခန်တွေဝင်ကြည့်နှင့် အတော်ကြီးနောက်ကျသည့်အချိန် နေ့လယ်စာစားရန် ဟိုတယ်တစ်ခုထဲဝင်တော့ ညနေလေးနာရီထိုးပြီ။
ဟိုတယ်က တရွန်မြို့ မှာ ထင်ရှားသည့်ကြယ်လေးပွင့်ဟိုတယ်တစ်ခုဖြစ်သည်။ စားသောက်ခန်းဝန်ထမ်းတွေက ဖော်ရွေပျူငှာသည်။ ကျွန်တော်တို့တွေစားစရာတွေမှာကြသည်။ ကိတ်က ကုန်းဘောင်ကြီးကျော်တစ်ပွဲမှာသည်။ သို့သော်ဟင်းပွဲရောက်လာသည့်အခါမှာတော့ တကယ့်ဇာတ်လမ်းကစလေသည်။ ဟင်းပွဲထဲမှာကျကျနနပါလာသည်က စားဖိုဆောင်က စားဖိုမှုးများသုံးလေ့ရှိသည့် ရာဘာလက်အိပ်ထိပ်ဖျားပိုင်းကလေးတစ်ခုဖြစ်သည်။
ကျွန်တော်စားပွဲထိုးအမျိုးသမီးကို လှမ်းခေါ်လိုက်သည်။
"အဲ့ဒါဘာကြီးလဲ" ကိတ်ကရွံရှာသောမျက်နှာစိတ်ပျက်သောအမူအရာနှင့်မေးသည်။
"ဟယ်။ ကျွန်မလည်းမသိဘူး" ဆိုပြီး အမျိုးသမီးက ဟင်းပွဲကို အလျင်အမြန်ပြန်သိမ်းကာ စားဖိုခန်းထဲယူသွားသည်။ အဲဒီနောက် တစ်ခနအတွင်းမှာပင် စားသောက်ခန်းတာဝန်ခံ မန်နေဂျာနှင့်အတူပြန်ရောက်လာသည်။
"ကျွန်တော်တို့အများကြီးအားနာပါတယ်ခင်ဗျား၊ တစ်ကယ့်ကိုဆိုးဆိုးဝါးဝါး ချို့ ယွင်းချက်ပါ၊ ကျွန်တော်တို့အနူးအညံ့တောင်းပန်ပါတယ်။" စားသောက်ခန်းတာဝန်ခံက ယဉ်ကျေးစွာ စကားဆိုသည်။
မှန်သည်၊ သည်လိုပဲဆိုရမည်ပေါ့။
သို့သော် သူက သည်မျှလောက်သာမဟုတ်ပါ။
"ကျွန်တော်တို့အစက ပြန်စကြရအောင်ဗျာ" သူကဆိုသည်။ ထို့နောက် ကဲ၊ စားပွဲပေါ်မှာရှိတာတွေကို အားလုံးရှင်းကွာ ဟုစားပွဲထိုးအမျိုးသမီးကို ညွှန်ကြားသည်။ အမျိုးသမီးက စားပွဲပေါ်မှာရှိသည့် ဝိုင်ပုလင်း၊ ဇွန်း၊ ခက်ရင်း၊ ဓား စသည်များအပြင် ကျွန်တော့်ဟင်းပွဲသာမက စားပွဲခင်းပါမကျန် အားလုံးပြန်သိမ်းသည်။
ထို့နောက်" စောစောက ကျွန်တော်တို့ခေါင်းထဲမှာရှိခဲ့တာတွေလဲ အားလုံးမေ့ပစ်လိုက်ကြရအောင်ဗျာ" သူကဆိုပြန်သည်။
စားပွဲခင်းကိုအသစ်ပြန်ခင်းသည်။ စားသောက်ဖွယ်ရာစားရင်းကိုထပ်မံပြသသည်။ ဝိုင်ပုလင်းအသစ်၊စားစရာသစ်များ မှာကြသည်။ အလွန်ထူးခြား စိတ်ဝင်စားစရာကောင်းသော နေ့လယ်စာစားပွဲ အသစ်တစ်ခု ကျွန်တော်တို့ ပြန်စကြသည်။
စားသောက်ခန်းတာဝန်ခံက စောစောကကျွန်တော်တို့ ခေါင်းထဲတွင်သူတို့နှင့်ပတ်သတ်ရ်ျ ဖြစ်ပေါ်ခဲ့သည့် "ဟာသိပ်ဆိုးတာပဲ"ဟူသောမှတ်ချက်ကို"အရမ်းကိုကောင်းတာပဲ"ဟူသောမှတ်ချက်နှင့်ပြန်လည်အစားထိုးပေးနေခြင်းဖြစ်သည်။ စောစောကဖြစ်ခဲ့တာနှင့်ပတ်သတ်ပြီး သူဘာမှဆင်ခြင်ပေးမနေ။
၎င်းအစား ပိုပြီးမြင့်သော၊ ပိုကောင်းမွန်ပြည့်စုံသော ဝန်ဆောင်မှုတစ်ခုသာ သူလဲလှယ်ပေးခဲ့သည်။
ဟင်းလျာတွေက အရသာရှိလှသည်။ ဝန်ဆောင်မှုကလည်းထိပ်တန်းအဆင့်ဖြစ်သည်။ တစ်ကယ်ခမ်းနားပီပြင်သော ဆောင်ရွက်ချက်တစ်ခုပင်ဖြစ်သည်။
မှတ်ချက်။ ။ "Richard Porter Let's ဧ။် Start Over ကို ဖေမြင့်ဘာသာပြန်ထားသော ဦးနှောက်နှင့်နှလုံးသားစာအုပ်မှ"
24 September 2008
မှတ်ပြီလား
ခွန်နစ်ရက်မြောက်နေ့ ဘုရင်ကြီးဘော်စလု ညီလာခံကျင်းပပြီး စာဆိုတော်တွေကို တစ်ဦးချင်း သူတို့ရေးထားတာတွေကို ထဖတ်ပြခိုင်းတယ်၊ အဲသည်မှာ ပထမဦးဆုံးစာဆိုတော်က ဘုရင်ကြီး မယားများတဲ့အကြောင်း ဆော်ရှုပ်တဲ့အကြောင်းတွေကို ခရေစေ့တွင်းကျရေးထားလိုက်တာ ဘုရင်ကြီးထက်တောင် ပိုသိနေလို့ ဘုရင်ဘော်စလုလည်း ဒေါသဖြစ်လွန်းလို့ သူ့အကြောင်းရေးထားတဲ့ ဘိုင်အိုဂရပ်ဖီကို ဖတ်ပြီးပြီးချင်းပဲ စာဆိုတော်ကို သူ့လက်သုံးတော်ကြိမ်လုံးကြီးနဲ့ ရွှမ်းကနဲနေအောင် တစ်ချက်ဗြင်းထည့်လိုက်တယ်၊ရွှမ်းအားယားယား အီးအော်ဟစ်ပြီး ပထမဦးဆုံးစာဆိုတော်လည်း ကျောကော့သွားတော့တယ်။
ဒါပေမဲ့ ဒုတိယစာဆိုတော်ကလည်း မမှတ်သေးဘဲ မကြောက်မရွံ့ ဘုရင်ကြီးရဲ့ လာဘ်စားပုံ အသေးစိတ် နဲ့ ဆော်ရှုပ်တာတွေကို ဖတ်ပြပြန်တယ်၊ ဘုရင်ဘော်စလုလည်း ဟုတ်တာတွေဖတ်ပြနေတော့ ဒေါသတွေ အဖြစ်ကြီးဖြစ်ပြီး ဒုတိယစာဆိုတော်ကို ကြိမ်လုံးကြီးနဲ့ နှစ်ချက်ဆက်တိုက်ဗြင်းလိုက်ပြန်တယ်၊ရွှမ်း ရွှမ်းအားယားယား အီး အီးအော်ဟစ်ပြီး ဒုတိယစာဆိုတော်လည်း ကျောတင်မက ဟိုဟာပါကော့သွားတယ်။
သည်လိုနဲ့ စာဆိုတော်တွေ တစ်ယောက်ပြီးတစ်ယောက် သူ့မကောင်းကြောင်း နှစ်ချက်ပြောရင် နှစ်ချက်ဗြင်း သုံးချက်ပြောရင် သုံးချက်ဗြင်းနဲ့ ဗြင်းလာလိုက်တာ တစ်ချို့စာဆိုတော်ဆို လေးငါးခြောက်ချက်တောင် အဗြင်းခံရသတဲ့၊ ဘုရင်ဘော်စလုလည်း အတော်ဒေါသဖြစ်နေပြီပေါ့။
သည်အချိန်မှာ နောက်ဆုံးကျန်နေတဲ့ ဘုရင်ကြီးဘော်စလုရဲ့ လက်သုံးတော် နန်းတွင်းစာဆိုတော်ကြီး ဘော်ဖားချွန် က ရဲရဲဝံ့ဝံ့ထရပ်လိုက်ပြီး ဘုရင်ကြီး ဆော်ရှုပ်တာမဟုတ်တဲ့အကြောင်း ကောင်မလေးတွေ တဖက်သတ်ကြိုက်နေလို့ ဘုရင်ကြီးကသနားလိုက်ရတဲ့အကြောင်း၊ လာဘ်စားတာမဟုတ်ပါ အလကားပေးလို့ ယူထားလိုက်တာပါ၊ မိဖုရားတွေကိုလည်း နှိပ်စက်တာမဟုတ်ပါ သူတို့တွေ အသုံးမကျလို့ ဆုံးမပေးရတာပါ စသဖြင့် မဟုတ်က ဟုတ်ကတွေ ဖားပြီးဖတ်ပြနေသတဲ့။
ဘုရင်ကြီးဘော်စလုရဲ့မျက်နှာကြီးက ပြုံးနေတော့ ကျန်တဲ့ နန်းတွင်းသူ နန်းတွင်းသားတွေနဲ့ စာဆိုတော်တွေလည်းအင်း ဒါကြောင့်လည်း ဘော်ဖားချွန် တစ်ယောက် နန်းတွင်းမှာ စာဆိုတော်ကြီးဖြစ်နေတာပေါ့လို့ တွေးမိနေကြသတဲ့၊ ဘာဆုတော်တွေများ ပေးသနားဦးမလဲ လို့လည်း မျှော်လင့်နေကြသတဲ့၊ ဘော်ဖားချွန်လည်း သူ့ရဲ့ဖားတော်ဘွဲ့ ဘိုင်အိုဂရပ်ဖီကြီးကို ဖတ်လည်းဖတ်ပြီးရော ကျန်တဲ့လူတွေကို လက်မအသာထောင်ပြလိုက်ပြီး ပြုံးပြုံးကြီးဖြစ်နေသတဲ့။
အဲသည်အချိန်မှာ နန်းတွင်းစာဆိုတော်ကြီး ဘော်ဖားချွန် အနားကို ရုတ်တရက်ရောက်လာတဲ့ ဘုရင်ကြီးဘော်စလုက ဘာမပြော ညာမပြော သူ့လက်ထဲမှာပါလာတဲ့ ဒါးကြီးနဲ့ ဘော်ဖားချွန်ရဲ့ လက်နှစ်ဘက်တင်မက လျှာကိုပါ ဖြတ်ချလိုက်တော့တယ်၊ ကျန်တဲ့ နန်းတွင်းသူ နန်းတွင်းသားတွေနဲ့ စာဆိုတော်တွေလည်း ဝရုန်းသုန်းကားဖြစ်ကုန်ကြတာပေါ့၊ ဘယ်လိုဖြစ်သွားတာလဲ၊ ဘုရင်ကြီး ရူးသွားပြီလား စသည်ဖြင့် ပဟေဋ္ဌိ အဖြေညှိနေကြသတဲ့။
ဘုရင်ကြီးဘော်စလုကတော့ သူ့ဒါးကြီးမှာ ပေနေတဲ့ သွေးတွေကို သပ်ချနေရင်း စကားတစ်ခွန်းကို အေးအေးလေး ပြောလိုက်ပါတယ်၊
သည်ကောင်က ငါ့နားကပ်ပြီး လိမ်နေတာ၊ ကြောက်ဖို့ ပိုကောင်းတယ်။

07 September 2008
သီးနှံကောင်းရိတ်သိမ်းလိုလျှင်
ကြေညက်အောင်ထွန်ယက်မထားတဲ့ လယ်ကွက်မျိုးမှာ ဘယ်တော့မှသီးနှံကောင်းမထွက်ဘူး။
06 September 2008
မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား
ကိုယ်တစ်ကယ်မလုပ်ကြည့်သေးပဲနဲ့ ကျွန်တော်လုပ်မရဘူးလို့ဘယ်တော့မှမပြောနှင့်။
ကျောက်တုံးကျောက်ခဲနှင့်တည်ဆောက်ထားသည့်နံရံတံတိုင်းဟူသည်လည်း နောက်ဆုံးနာနာဖိတွန်းလျှင်တစ်ချိန်ချိန်မှာပြိုလဲသွားနိုင်သည်။
Les Paul
05 September 2008
အောင်မြင်မှုနှင့်ရှုံးနိမ့်မှုကြားက ပါးလွှာသောစည်း
မည်သည့်ပျက်စီးဆုံးရှုံးမှုမျိုးကိုမဆိုပြန်လည်ပြင်ဆင်ရ်ျမရနိုင်တော့ဟူရ်ျမရှိ။မဖြစ်ဖြစ်အောင်လုပ်မည်ဟူသောပြတ်သားသောစိတ်ဇွဲဧ။် တန်ခိုးအားဖြင့်အဲ့သည့်ဆုံးရှုံးမှုကို အောင်မြင်မှုသို့တက်လှမ်းရာလှေကားထစ်အဖြစ်ပြောင်းလဲပစ်နိုင်သည်။
W.Douglus Harley
W.Douglus Harley
04 September 2008
ကြိုတင်ကာကွယ်ခြင်းသာ
ဖြစ်လာနိုင်တဲ့အနေအထားအားလုံးအတွက်ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ရမယ်။
အသင့်ပြင်ထားသူဟာတိုက်ပွဲတစ်ဝက်တိုက်ပြီးသူပဲ။
Oliva de Havillam
03 September 2008
Six Ways to Make People Like You
- Become genuinely interested in other people
- Smile
- Remember that a person's name
- Be a good listener, Encourage others to talk about themselves.
- Talk in terms of the other's interests.
- Make other people feel important.
02 September 2008
ကြောက်ရမှာတွေးကြောက်မနေနဲ့
ကိုယ့်အတွက်ရည်မှန်းချက်ပန်းတိုင်ကို ကိုယ်တိုင်ရွေးချယ်ပါ။ ပန်းတိုင်သို့သွားရာလမ်းကြောင်းကို ကိုယ့်ခေါင်းထဲထင်းနေအောင်ရေးဆွဲမှတ်ထားပါ။
Jonny Wessmuller
ယုံကြည်စိတ်ရဲ့စွမ်းအား
မျှော်လင့်ချက်၊ယုံကြည်ချက်တွေ၊စိတ်ကူးအိမ်မက်တွေကိုဘယ်အရာ၊ဘယ်အတွက်နှင့်မှ မပျောက်ပျက်မဆုံးရှုံးပါစေနှင့်။
Ralph Jhonson Bunche (1904-1971)
01 September 2008
ခလုတ်ကန်သင်းမှလှေကားထစ်သို့
ဘဝမှာကြုံတွေ့ရတဲ့ခလုတ်ကန်သင်းတွေကိုကိုယ့်ဘဝတိုးတက်အောင်မြှင့်တင်ပေးမယ့်လှေကားထစ်တွေအဖြစပြောင်းလဲပစ်နိုင်ရမယ်-ခလုတ်တိုက်မိတဲ့ကျောက်တုံးကိုခြေနင်းတုံးအဖြစ်အသုံးပြုတက်ရမယ်။
Estes Kefaver
31 August 2008
စံချိန်မှီသော စွမ်းဆောင်မှု
ဘယ်အခါမျိုးမဆိုကိုယ့်ဆီကအကောင်းဆုံးပေးနိုင်အောင်ကြိုးစားရမယ်။
ရှေ့တိုးရခက်နေတယ်ဆိုတာတစ်ခုတည်းနှင့်တော့နောက်ဆုတ်လို့မဖြစ်ဘူး။
Roy Chapman Andrew(1884-1960)

နားလည်မှုလွဲကြတဲ့ ကိစ္စ
လူမှုဆက်ဆံရေးနယ်ပယ်တွင်ပြသနာဆယ်ကြိမ်တွင်ကိုးကြိမ်သည်ကာယကံရှင်နှင့်တကယ်သွားတွေ့ဖြေရှင်းလိုက်သည့်အခါအလွယ်တကူ ၇ှင်းလင်းပြေလည်သွားမြဲဖြစ်သည်။
Humphery Francis Fllis
30 August 2008
ရှာတက်မှ လမ်းတွေ့ မယ်
မြို့ လယ်ကိုရောက်အောင်သွားနိုင်တဲ့လမ်းဟာ တစ်လမ်းတည်းမဟုတ်ဘူး။ အများကြီးရှိတယ်။
လူ့ဘဝမှာလည်းထိုနည်းလည်းကောင်းပဲ၊ ရည်မှန်းထားတဲ့ပန်းတိုင်ကိုဒီလမ်းကသွားလို့မရရင်၊ နောက်တစ်လမ်းက သွားလို့ရနိုင်တယ်။
Elsa Schiaparelli (1896-1973)
17 August 2008
RP Students
RP ကျောင်းသားမှန်ပါလျှင် Laptop တစ်လုံးနှင့် Internet Connection သာရှိပါက ပြသနာအားလုံးကို ရှင်းနိုင်သည်။
Subscribe to:
Posts (Atom)