31 August 2008

စံချိန်မှီသော စွမ်းဆောင်မှု

ဘယ်အခါမျိုးမဆိုကိုယ့်ဆီကအကောင်းဆုံးပေးနိုင်အောင်ကြိုးစားရမယ်။
ရှေ့တိုးရခက်နေတယ်ဆိုတာတစ်ခုတည်းနှင့်တော့နောက်ဆုတ်လို့မဖြစ်ဘူး။
Roy Chapman Andrew(1884-1960)

နားလည်မှုလွဲကြတဲ့ ကိစ္စ

လူမှုဆက်ဆံရေးနယ်ပယ်တွင်ပြသနာဆယ်ကြိမ်တွင်ကိုးကြိမ်သည်ကာယကံရှင်နှင့်တကယ်သွားတွေ့ဖြေရှင်းလိုက်သည့်အခါအလွယ်တကူ ၇ှင်းလင်းပြေလည်သွားမြဲဖြစ်သည်။
Humphery Francis Fllis

30 August 2008

ရှာတက်မှ လမ်းတွေ့ မယ်

မြို့ လယ်ကိုရောက်အောင်သွားနိုင်တဲ့လမ်းဟာ တစ်လမ်းတည်းမဟုတ်ဘူး။ အများကြီးရှိတယ်။
လူ့ဘဝမှာလည်းထိုနည်းလည်းကောင်းပဲ၊ ရည်မှန်းထားတဲ့ပန်းတိုင်ကိုဒီလမ်းကသွားလို့မရရင်၊ နောက်တစ်လမ်းက သွားလို့ရနိုင်တယ်။
Elsa Schiaparelli (1896-1973)

တွေးတွေးပြီးရယ် (၇)

တစ်ခါက အမေရိကန်လူမျိုး၊ အင်္ဂလိပ်လူမျိုး၊ တရုတ်လူမျိုးနဲ့ ဂျပန်လူမျိုးတို့ဟာ သူနိုင်ငံ ကိုယ်နိုင်ငံရဲ့ စစ်ရေးစစ်ရာကို ဆွေးနွေးကြတယ်။
ဂျပန်လူမျိုးက "ကျွန်တော်တို့ လူမျိုးက မတွန့်မကြောက် သတ္တိခဲတွေ နိုင်ငံအတွက်ဆိုရင် အသက်ကိုတောင် စွန့်ဝံ့တယ်။ အခု ကျွန်တော်ခေါင်းပေါ်မှာ ပန်းသီးတစ်လုံးတင်ပြီး ခင်ဗျားတို့ရဲ့ အပစ်ကို ခံရဲတယ်" လို့ ပြောပြီး သူ့ခေါင်းပေါ် ပန်းသီးတစ်လုံးတင်ပြီး ကျန်လူတွေကို သေနတ်အပစ် ပြိုင်ခိုင်းလိုက်တယ်။
ပထမဦးဆုံး အမေရိကန်လူမျိုးက နောက်ကို ခြေအလှမ်း၂၀ လှမ်းပြီး ကိုယ်ကိုလှည့်ပြီး ပစ်ထည့်လိုက်တယ်။ ဂျပန်ခေါင်းပေါ်မှာ တင်ထားတဲ့ ပန်းသီးလေး အစိတ်စိတ် အမွှာမွှာ ကွဲသွားတယ်။ အမေရိကန်က သေနတ်ပြောင်းဝက မီးခိုးကို တစ်ချက်မှုတ်ပြီး ပြောလိုက်တယ်.. "I am Hunter" ငါက မုဆိုးတဲ့။
ဒုတိယ အင်္ဂလိပ် လူမျိုးက နောက်ကို ခြေအလှမ်း ၅၀လှမ်းပြီး ကိုယ်ကို တစ်ပတ်လှည့်ပြီး ပစ်လိုက်ပြန်တယ်။ ပန်းသီးက ဖွာခနဲ့ပဲ။ အင်္ဂလိပ်က ကိုယ့်ကို အထင်ကြီးတဲ့ ပုံစံနဲ့ ပြောလိုက်တယ်.. "I am Bond" ငါက ဂျိမ်းစ်ဘွန်းတဲ့။
နောက်ဆုံး တရုတ် အလှည့်ရောက်တော့ တရုတ်က နောက်ကို ခြေ ၃လှမ်း လှမ်းပြီး ပစ်ထည့်လိုက်တယ်။ ဖြာခနဲ့ပဲ ပန်းသီးတော့ မဟုတ်ဘူး။ ဂျပန်ရဲ့ ဦးခေါင်းပါ။ တရုတ်က ဟန်ပါပါနဲ့ ခါးထောက်ပြီး ပြောလိုက်တယ်။ "I am sorry" ငါဝမ်းနည်းပါတယ်တဲ့။

29 August 2008

တွေးတွေးပြီးရယ် (၆)

ဗေဒင်ဆရာ "ဟေ့.. ခင်ဗျား ပိုက်ဆံမရှင်းရသေးဘူး"


ဗေဒင်မေးသူ "ကျွန်မမှာ ပေးစရာပိုက်ဆံမရှိဘူးဆိုတာ အခုနက ဆရာမတွက်မိဘူးလား"

28 August 2008

တွေးတွေးပြီးရယ် (၅)

တစ်ခါက လှေတစ်စင်း မြုပ်လုနီးနီးမှာ ရဟတ်ယာဉ်တစ်စီး လာကယ်ခဲ့တယ်။ ရဟတ်ယာဉ်ပေါ်က ကြိုးတစ်ချောင်းကို ပစ်ချပြီးကယ်တော့ ယောကျာ်း၁ဝယောက်နဲ့ မိန်းမတစ်ယောက်က အဲဒီကြိုးမှာ ပါသွားခဲ့တယ်။ ကြိုးမှာချိတ်နေတဲ့ လူ၁၁ယောက်ကို ရဟတ်ယာဉ်က မနိုင်ဘဲဖြစ်နေလို့ လူတစ်ယောက် လက်လွှတ်ပေးရမယ်ဆိုတော့ ယောကျာ်းတွေက လက်မလွှတ်ချင်ကြဘူး။ က "အားလုံးအတွက် ကျွန်မ အနစ်နာခံပါ့မယ်။ ကိုယ့်ယောက်ျားအတွက်၊ ကိုယ်ရင်သွေးတွေအတွက် ပေးဆပ်တာကို မမျှော်ကိုးဘဲ အမြဲစွန့်လွှတ် အနစ်နာခံနေရတဲ့ ကျွန်မတို့ မိန်းမသားတွေအတွက် ဒါမျိုးက ရိုးနေပါပြီ....."လို့ အော်ပြောလိုက်တယ်။ အမျိုးသမီးလဲ ပြောပြီးရော ယောကျာ်းတွေ အားလုံး လက်ခုပ်ဝိုင်းတီးကြတော့တယ်..

27 August 2008

တွေးတွေးပြီးရယ် (၄)

ဆရာတစ်ဦးက တပည့်များအား ကမ္ဘာ့လူဦးရေ ထူထပ်ပုံနှင့် ငတ်မွတ်ခေါင်းပါးပုံ အကြောင်းကို ရှင်းပြနေခဲ့သည်။ အစာရေဆာ ငတ်မွတ်ခေါင်းပါးမှုကြောင့် ကမ္ဘာပေါ်ရှိလူများ စက္ကန့်ပိုင်းတွင် တစ်ဦးဦးသေဆုံးရပုံကို ဤသို့ခိုင်းနှိုင်းပြသည်။
"ဆရာ ထွက်သက်ဝင်သက် ရှူလိုက်တဲ့အချိန်တိုင်း ကမ္ဘာပေါ်မှာ လူတစ်ယောက်သေဆုံးရတယ်"
ဤတွင် ကျောင်းသားတစ်ဦးပြောလိုက်သည်မှာက "ဆရာနေ့တိုင်း သွားတိုက်သင့်တယ်" ဟူတည်း။

26 August 2008

တွေးတွေးပြီးရယ် (၃)

တစ်ချို့တရုတ်တွေက ၄ ဂဏန်းကို လဒ်မရှိတဲ့ဂဏန်း၊ ကံမကောင်းတဲ့ ဂဏန်းလို့ အယူရှိကြတယ်။ "၄" ဂဏန်းရဲ့ အသံထွက်က "သေ"ဆိုတဲ့ တရုတ်စကားနဲ့ အသံထွက်တူနေလို့ပါတဲ့။ ဒါကြောင့် တစ်ချို့စားသောက်ဆိုင်မှာ ခုံနံပါတ် ၄ ကိုမထားသလို တိုက်အထပ် ၄ကိုလည်း ၅ထပ်လို့ ခေါ်ကြတယ်။ ဒီလိုနဲ့.....
ဖုန်းနံပါတ်တွေကို လက်နဲ့ လှည့်ရတဲ့ခေတ်တုန်းက အိမ်တစ်အိမ်မှာ ၄ဂဏန်းပဲပါတဲ့ ဖုန်းနံပါတ်တစ်ခု ရှိခဲ့တယ်။ အဲဒီနံပါတ်ကြောင့် အမည်မသိဖုန်းတွေ၊ အကြောင်းအရာမရှိတဲ့ ဖုန်းတွေ မကြာခဏ လက်ခံခဲ့ရတယ်။ တစ်ညမှာ လူကြီးတွေအိပ်ပြီး လူငယ်တစ်ယောက်တည်း ကျန်နေတုန်း ဖုန်းဝင်လာခဲ့တယ်။ ဖုန်းတစ်ဖက်မှာ လူတစ်ယောက်က အသံတုန်ချိချိနဲ့ ...
" ဟလို... ဟလို.. ၁၁၉ကို ဖုန်းဆက်ပေးပါ" လို့ ပြောတဲ့အသံကို ကြားတော့ လူငယ်လန့်ပြီး ဖုန်းကို ပစ်ချလိုက်မိတယ်။ မကြာဘူး.. ဖုန်းမြည်လာပြန်တယ်။ အရင်အသံလိုပဲ..
" ဟလို... ဟလို.... ၁၁၉ ကို ဖုန်းဆက်ပေးပါ" လို့ ပြောတော့ လူငယ်က အရဲစွန့်ပြီး
" ဘာဖြစ်လို့ ခင်ဗျားကိုယ်တိုင် မဆက်တာလဲ" လို့ မေးလိုက်တယ်။ ဖုန်းတစ်ဖက်က ပြန်ပြောလိုက်တာက
" မြန်မြန်ဆက်ပေးပါ.. ကျွန်တော် မခံနိုင်တော့ဘူး.. ကျွန်တော့်လက်ညှိုး ဒီ နံပါတ်၎ နေရာမှာ ညှပ်နေလို့" ပါ ဟူတည်း။

25 August 2008

တွေးတွေးပြီးရယ် (၂)

တစ်ခါက ဥရောပဒေသတစ်ခုရဲ့ ညတစ်ညမှာ လူငယ်နှစ်ယောက်ဟာ ဟော်လိုဝင်း ပျော်ပွဲရွှင်ပွဲဆင်နွှဲပြီး အိမ်ပြန်လာခဲ့ကြတယ်။ သူတို့ရဲ့ အိမ်အပြန်လမ်းမှာ သင်္ချိုင်းတစ်ခုရှိတယ်။ လူငယ်နှစ်ယောက်ဟာ စူးစမ်းလိုစိတ်နဲ့ သင်္ချိုင်းထဲဖြတ်လျှောက်ဖို့ စိတ်ကူးလိုက်တယ်။ လျှောက်ရင်းလျှောက်ရင်း တစ်နေရာရောက်တော့ "ရှ...ရှ..ရှ"နဲ့ အသံတစ်သံကို သူတို့ကြားလိုက်တယ်။ နှစ်ယောက်စလုံး လန့်ပြီး အသံလာရာဖက်ကို ကြည့်လိုက်တော့ မှတ်တိုင်တစ်ခုကို ကိုင်ပြီး ရပ်နေတဲ့ အဘိုးအိုတစ်ဦးကို တွေ့လိုက်တယ်။
လူငယ်ထဲက တစ်ယောက်က "အဘိုး.. ဒီလောက်ညဥ့်နက်နေပြီ ဘာလုပ်နေတာလဲ? ကျွန်တော်တို့က မကောင်းဆိုးဝါးထင်နေလို့ဗျ"လို့ မေးတော့ အဘိုးအို စကားကြောင့် လူငယ်နှစ်ယောက် သုတ်တင်ပြေးကြတော့တယ်။
အဘိုးအို ပြောလိုက်တာက " ငါ့နာမည် စာလုံးပေါင်းမှားနေလို့ကွ" ဟူတည်း။

24 August 2008

တွေးတွေးပြီးရယ် (၁)

တစ်ခါက တိုင်းပြည်တစ်ပြည်မှာ သန်းခေါင်ယံ ည၁၂နာရီတိတိမှာ ဖုန်းနံပါတ် သုည ၁၄လုံးကိုနှိပ်ရင် သေဆုံးသူတွေရဲ့ ဝိညာဉ်နဲ့ စကားပြောလို့ရတယ်ဆိုတဲ့ အယူတစ်ခုရှိခဲ့တယ်။

တစ်ညမှာ အဲဒီအယူကို အယုံအကြည်မရှိတဲ့ လူငယ်တစ်ယောက်က စမ်းသပ်ကြည့်ဖို့ စိတ်ကူးလိုက်တယ်။ သိလိုစိတ်ပြင်းပြင်းပြပြနဲ့ လူငယ်ဟာ ညသန်းခေါင် ၁၂ နာရီတိတိမှာ သုည ၁၄လုံးကို ကောက်လှည့်လိုက်တယ်။ တကယ်ပဲ ဖုန်းတစ်ဖက်က မိန်းကလေးအသံ တစ်သံထွက်လာတယ်။ ဖုန်းတစ်ဖက်က ပြောလိုက်တာက

"လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ ဖုန်းနံပါတ် မှားယွင်းနေပါသဖြင့်....... "

22 August 2008

RJ ရေးနည်း

၁။တစ်လုံးတည်းနဲ့ ပြောလို့ ရတဲ့ စာလုံးများကိုတောင် များအောင်ရေးပါ။
၂။RPက သိတဲ့စာလုံးများကိုဘဲ သုံးပါ။တခြားမသိတဲ့စာလုံးများဆိုလျင် ဆရာဖတ်ရင်း ရီလိမ့်မည်။
၃။အစတွင် Capital နှင့်ရေးပြီး အဆုံးတွင် Full-stop ချရန် မမေ့နှင့်။
၎။မပြတ်မသား ရှင်းရှင်းလင်းလင်းရေးခြင်းသည် ဆရာ မိမိRJအပေါ် အာရုံစိုက်မူကို ထက်သန်စေသည်။
၅။Professionally မြှောက်တတ် ပါစေ..။(အမြှောက်မကြိုက်တဲ့သူ ဒီခေတ်မှာ ရှားသကိုး)
၆။`RJ သည် မကြေနပ်သည်များ(Relfections) ကို ဆရာ့အားတိုင်ရန်နေ့စဉ်စာ(Journals)´ဟု အထင်မရောက်စေလိုပါ..။
၇။ကျောင်းသား ၂၅ယောက် မှရေးသော Rj ၂၅စောင်အား ဖတ်ရမည့် Faciကို စာနာသောအားဖြင့် ဟာသများထည့်ရေးပေးစေလို၏။(လူပဲ ပျင်းတတ်သကိုး)
၈။ရှေ့ အပိုဒ်နှင့် နောက်အပိုဒ် ညှိတတ်ပါစေ…။(I do all those things ရှေ့ အပိုဒ်မှာရေးပြီး second meeting အိမ်ပြန်သွားတယ် တွေ ဘာညာ နောက်အပိုဒ်မှာ ရှောင်ရမည်။)
၉။ Evaluations များသည် မိမိRJ၏ ဖော်ကောင်ဟု ထင်မှတ်ကြစေလိုသည်။
၉။idioms များမသုံးကြပါနှင့်။(ဆရာနားမလည်မှာ စိုးသောအားဖြင့်)
၁၀။singalish ဘေးမှ ဝေးကြပါစေ…။
ထိုထိုအချက်များကိုက်ညီသော RJ ကိုရေးသော ညီအစ်ကိုမောင်နှမများ ကိုယ့်RJ ကိုယ်တိုင်ဖတ်ကာ စိတ်တိုင်းကြလျင် submit iconကို အားပါးတရ နှိပ်နိုင်ကြပါစေ..။

ကျောင်းအပြီး…။
SASမှgraduateကိုကိုမမများကတော့ "Why does it work?"လို့ တစ်ဖုံ..။

SEGမှgraduate ကိုကိုမမများကတော့ "How does it work?" လို့ တစ်မျိုး..။

SITမှgraduate ကိုကိုမမများကတော့ "How much will it cost?" လို့ တစ်နည်း…။

STAမှ graduate ကိုကိုမမများကတော့ "Do you want fries with that?" လို့ တစ်လမ်း.. မေးတတ်လာကြပါလိမ့်မည်..။
မသိသေးသူများ စမ်းသပ်ကြည့်ပါကုန်………..။

အခုလိုဖောက်သည်ချပေးသော ကိုမင်းသက်အား RP Students များမှ ကျေးဇူးတင်ပါတယ်။ :)

17 August 2008

Faci နဲ့အရင်တိုင်ပင်ပါ

တစ်နေ့ Lab Assistance နဲ့ ကျောင်းသား နှစ်ယောက်ပေါင်းပြီး ကျောင်းပြေးကာ East coast မှာ အတွဲချောင်းနေကြတုန်း Faci နဲ့ တွေ့ ပါသတဲ့။
တွေ့ တော့ အတူတူလမ်းလျောက်ရင်း မီးခွက်ဟောင်းလေးတစ်ခု ရေစပ်နားလေးက ကျောက်တုံးဘေးမှာ သောင်တင်နေတာကို တွေ့ ကြပါတယ်။မီးခွက်လေး ပွတ်ကြည့်တုန်း မီးခွက်စောင့်သရဲ ၀ုန်းကနဲ ထွက်လာတယ်။ပြီးတော့ ကျေးဇူးတင်တဲ့အကြည့်နဲ့ ကြည့်ပြီး တစ်ယောက်ကို တစ်ခုဆီ လိုရာဆန္နဖြည့်ပေးမယ်ဆိုပြီး ဘာလိုချင်သလဲ မေးလိုက်တယ်။
ကျောင်းသား `Phuket က ပင်လယ်ပြင်က လှေပေါ်မှာ ခေါင်းမြီးမခြုံတဲ့ မလေးမ ချောချောလေးနဲ့  နှစ်ယောက်တည်းနေချင်တယ်´
`အပ်ချလောင်း´။ ဆုပြည့်သွားပြီး ကျောင်းသားလည်း East Coast ကနေ ပျောက်သွားသတည့်။
Lab assistance `ကျနော်ကတော့ ဟာဝိုင်ယီဗျာ ရည်းစားဟောင်းလေးတွေ တစ်ယောက်တစ်ဖက်နဲ့  အနားမှာ ရေခဲစိမ်ရှန်ပိုင်တစ်လုံးရှိမယ် ´
`အပ်ချလောင်း´။ Lab assistance လည်း East Coast ကနေ ပျောက်သွားပြန်တယ်။
မီးခွက်စောင့်။။ ကဲ နောက်ဆုံး အရှင်ဘာလိုချင်ပါသလဲ။
Faci။ ။ Third meeting ၂နာရီ အမှီ ဒီကောင်နှစ်ယောက်ကို စာသင်ခန်းထဲပို့လိုက်။
မှတ်ချက်။ ။ ကိုမင်းသက်ဧ။် ကိုယ်တွေ့ဖြစ်ရပ်
စိတ်မဆိုးကြေးနော်