22 August 2008

RJ ရေးနည်း

၁။တစ်လုံးတည်းနဲ့ ပြောလို့ ရတဲ့ စာလုံးများကိုတောင် များအောင်ရေးပါ။
၂။RPက သိတဲ့စာလုံးများကိုဘဲ သုံးပါ။တခြားမသိတဲ့စာလုံးများဆိုလျင် ဆရာဖတ်ရင်း ရီလိမ့်မည်။
၃။အစတွင် Capital နှင့်ရေးပြီး အဆုံးတွင် Full-stop ချရန် မမေ့နှင့်။
၎။မပြတ်မသား ရှင်းရှင်းလင်းလင်းရေးခြင်းသည် ဆရာ မိမိRJအပေါ် အာရုံစိုက်မူကို ထက်သန်စေသည်။
၅။Professionally မြှောက်တတ် ပါစေ..။(အမြှောက်မကြိုက်တဲ့သူ ဒီခေတ်မှာ ရှားသကိုး)
၆။`RJ သည် မကြေနပ်သည်များ(Relfections) ကို ဆရာ့အားတိုင်ရန်နေ့စဉ်စာ(Journals)´ဟု အထင်မရောက်စေလိုပါ..။
၇။ကျောင်းသား ၂၅ယောက် မှရေးသော Rj ၂၅စောင်အား ဖတ်ရမည့် Faciကို စာနာသောအားဖြင့် ဟာသများထည့်ရေးပေးစေလို၏။(လူပဲ ပျင်းတတ်သကိုး)
၈။ရှေ့ အပိုဒ်နှင့် နောက်အပိုဒ် ညှိတတ်ပါစေ…။(I do all those things ရှေ့ အပိုဒ်မှာရေးပြီး second meeting အိမ်ပြန်သွားတယ် တွေ ဘာညာ နောက်အပိုဒ်မှာ ရှောင်ရမည်။)
၉။ Evaluations များသည် မိမိRJ၏ ဖော်ကောင်ဟု ထင်မှတ်ကြစေလိုသည်။
၉။idioms များမသုံးကြပါနှင့်။(ဆရာနားမလည်မှာ စိုးသောအားဖြင့်)
၁၀။singalish ဘေးမှ ဝေးကြပါစေ…။
ထိုထိုအချက်များကိုက်ညီသော RJ ကိုရေးသော ညီအစ်ကိုမောင်နှမများ ကိုယ့်RJ ကိုယ်တိုင်ဖတ်ကာ စိတ်တိုင်းကြလျင် submit iconကို အားပါးတရ နှိပ်နိုင်ကြပါစေ..။

ကျောင်းအပြီး…။
SASမှgraduateကိုကိုမမများကတော့ "Why does it work?"လို့ တစ်ဖုံ..။

SEGမှgraduate ကိုကိုမမများကတော့ "How does it work?" လို့ တစ်မျိုး..။

SITမှgraduate ကိုကိုမမများကတော့ "How much will it cost?" လို့ တစ်နည်း…။

STAမှ graduate ကိုကိုမမများကတော့ "Do you want fries with that?" လို့ တစ်လမ်း.. မေးတတ်လာကြပါလိမ့်မည်..။
မသိသေးသူများ စမ်းသပ်ကြည့်ပါကုန်………..။

အခုလိုဖောက်သည်ချပေးသော ကိုမင်းသက်အား RP Students များမှ ကျေးဇူးတင်ပါတယ်။ :)

No comments:

Post a Comment